ပုရိသတို့ ကာမခွန်အားတိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ
အမျိုးသားတိုင်းကတော့ ကာမခွန်အားတိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်၊ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူတစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အားတိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။ ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။ ၁။ တက်တက်ကြွကြွနေပါ။ ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ လိင်ပိုင်းဆိုင်ရာမှာပါ ပိုပြီးအားစိုက်ထုတ်နိုင်စေပါတယ်။ ဒါကြောင့် မနက်တိုင်း လမ်းလျှောက်ပါ၊ ပြေးပါ၊ အချိန်တတ်နိုင်ရင် Gym မှာ စနစ်တကျ ကစားပါ။ အားကစားလုပ်ပါ၊ ရေကူးပါ။ ချွေးထွက်လေ နှလုံးခုန်နှုန်းမြန်လေ၊ ကိုယ့်ရဲ့ ကာမခွန်အားကို မြှင့်တင်ပေးနိုင်လေပါပဲ။ ၂။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ အမျိုးသားတွေအတွက် ပရိုတင်းဓာတ်က အဓိကကျတယ်ဆိုပေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို မေ့ထားလို့မဖြစ်ဘူးနော်။ အထူးသဖြင့် ကာမခွန်အားတိုးချင်တဲ့ ပုရိသတွေအနေနဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွသီးတွေကို များများစားပေးပါ။ သွေးတိုးကျစေပြီး သွေးစီးဆင်းမှုအားကောင်းစေလို့…
Read More . . .