သင်လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကိုရရှိချင်တယ်ဆိုရင် ကွန်ဒုံးတွေကိုအလွန်လိုအပ်ပါတယ်။ ကွန်ဒုံးတွေဟာကိုယ်ဝန် ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးပါတယ်။ သူတို့ဟာသုတ်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကိုသိမ်းထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။ အမျိုးသားရောအမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ နှစ်ခုလုံးကိုတစ်ကြိမ်တည်းမှာရောမသုံးဖို့ သတိရပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးပေါက်တတ်လို့ဖြစ်ပါတယ်။အမျိုးသားသုံးကွန်ဒုံးဆိုတာဘာကိုပြောတာလဲ။ အမျိုးသားသုံးကွန်ဒုံးဆိုတာလိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ ပလပ်စတစ် ကွန်ဒုံးတွေကိုအသုံးပြုမယ်ဆိုရင် သင့်ကိုလိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ရေယုန်၊ Chlamydia နဲ့ Gonorrhoea စတဲ့ ရောဂါတွေကိုကာကွယ်ပေးတဲ့အတွက် လုံခြုံစိတ်ချမှုကိုခံစားရမှာပါ။ ဒါပေမယ့် natural နဲ့ Lambskin ကွန်ဒုံးတွေကတော့ သင့်ကိုကိုယ်ဝန်ရရှိမှုကပဲကာကွယ်ပေးပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးမှာမဟုတ်ပါဘူး။အမျိုးသမီးသုံးကွန်ဒုံးဆိုတာဘာလဲ။ အမျိုးသမီးသုံးကွန်ဒုံးဆိုတာပျော့ပြောင်းတဲ့ ပလပ်စတစ်ပြွန်တစ်ခုပဲဖြစ်ပါတယ်။ အစွန်းတစ်ခုစီမှာအကွင်းတစ်ခုစီပါရှိပါတယ်။ ပိတ်ထားတဲ့ဘက်ကအကွင်းကိုကွန်ဒုံးကိုနေရာမရွေ့အောင် ထိန်းထားဖို့ မိန်းမကိုယ်အတွင်းပိုင်းကိုထည့်သွင်းနိုင်ပါတယ်။ ပွင့်နေတဲ့ဘက်ကအကွင်းကိုတော့ မိန်းမကိုယ်အဝရဲ့ အပြင်မှာထားရမှာပါ။ ဒီလိုကာကွယ်ခြင်းဖြင့် ကိုယ်ဝန်ရရှိမှုနဲ့ လိင်အင်္ဂါတွေမှာတွေ့ရတတ်တဲ့ ရေယုန်နဲ့ကြွက်နို့ စတဲ့ ရောဂါတွေ ရရှိပြန့်ပွားခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ကွန်ဒုံးတွေကိုဘယ်လိုအသုံးပြုမလဲ။ ကွန်ဒုံးတွေရဲ့ အစွမ်းထက်မှုကို မြှင့်တင်ဖို့ အောက်ဖေါ်ပြပါ အချက်အလက်တွေကိုသတိထားသင့်ပါတယ်။ ကွန်ဒုံးအထုတ်ကိုစဖွင့်ရင် သတိထားပါ။ အထဲကကွန်ဒုံးကိုတောင် ပြဲစေနိုင်ပါတယ်။ ကြွတ်ဆတ်နေရင်၊ တောင့်နေရင်၊ စီးကပ်နေရင်၊ ရက်လွန်နေရင် လွှင့်ပစ်ဖို့ လက်မတွန့်ပါနဲ့။ လိင်တံထောင်မတ်ပြီးနဲ့ သင့်လိင်ဆက်ဆံသူရဲ့ ဘယ်နေရာကိုမှ မထိရသေးခင်မှာတပ်ဆင်ပါ။ လိင်တံတစ်ခါထောင်မတ်ပြီးတိုင်းအသစ်တစ်ခုကိုအသုံးပြုပါ။ လိင်တံထိပ်အရေပြားကိုမဖြတ်ထားသူကအသုံးပြုမယ်ဆိုရင် ကွန်ဒုံးမဝတ်ဆင်ခင် လိင်တံထိပ်ငုံအရေပြားကိုအနောက်ကိုဆွဲပါ။ …
Read More . . .