လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ
လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။ လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးရဲ့ အရေးပါပုံနဲ့ လိင်ဆက်ဆံတိုင်း ဘာကြောင့် ကွန်ဒုံးကို အသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်တယ်။ ကာလသားေရာဂါ၊ အရေပြားရောဂါ၊ HPV ဗိုင်းရပ်စ်ပိုး၊ HIV ရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊ စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။၂။ သန္ဓေတားဖို့ အထောက်အကူပေးနိုင်တယ်။ ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက…
Read More . . .