knowledge

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေးဖယ်ရှားခြင်း

ဆီးခုံမွေးနဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဆီးခုံမွေး မရိတ်ရင်ရော ရသလား။ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ ထိပ်အရေပြားကို ညှပ်မိတာလောက်တော့ စိုးရိမ်စရာမဟုတ်ပေမဲ့ အမွေးတွေ ထူပြိန်းနေတဲ့အခါ အမြဲလိုလို ဇစ်နဲ့ညှပ်မိပြီး ဆောင့်ဆွဲသလိုဖြစ်ရာကနေ မွေးကျွတ်နာတွေ ဖြစ်နိုင်ပါတယ်။ဆီးခုံမွေးကို အရှည်အတိုင်း ထားတဲ့အခါ ယောက်ျားလေးအများစုက ရေချိုးရင် လိင်အင်္ဂါကိုပဲ ပွတ်ဆေးပြီး အမွေးတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ အဲ့ဒီအခါ ပွေး၊ ဝဲခြောက်၊ ဝဲစို၊ လိင်အင်္ဂါညှင်း၊ ရေယုန် ပေါက်ဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ ဆီးခုံမွေး ရိတ်လို့ ဘာထူးသွားတာရှိလဲ။ဘာမှတော့ ပိုမထူးပါဘူး။ အသန့်အလွန်ကြိုက်တဲ့ အမျိုးသား သို့မဟုတ်…

Read More . . .
knowledge

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

အသက်ငယ်စဉ် သို့မဟုတ် လိင်ကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံသိပ်မရှိတဲ့သူတွေမှာ သုက်ထွက်မြန်တဲ့ ပြဿနာ အဖြစ်များပါတယ်။ အစပိုင်းမှာ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ဘာတွေစစ်ဆေးမှာလဲ။အရင်ဆုံး လူနာရဲ့ ကျန်းမာရေး၊ မိသားစုရာဇဝင်၊ သောက်နေတဲ့ ဆေးပြင်းများရှိမရှိ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်ခြင်း (ထောင်မတ်ခြင်း) ရှိ၊ မရှိ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်းသာမက လိင်တံထောင်မတ်နိုင်စွမ်းပါ ကျဆင်းနေပြီဆိုရင်တော့ ဆရာဝန်အနေနဲ့ သွေးဖောက်စစ်ပြီး ကျားဟော်မုန်း (တက်စတိုစတီရုန်းဟော်မုန်း) ပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် လွန်စွာ နည်းနေပြီဆိုရင် ဟော်မုန်းအစားထိုး ကုထုံးများဖြင့် ကုသမှုခံယူဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ ဟော်မုန်းအစားထိုး ကုသမှုခံယူခြင်းဝေဒနာရှင်ရဲ့ သွေးကိုစစ်ဆေးကြည့်တဲ့အခါ ကျားဟော်မုန်းပမာဏသည် သတ်မှတ်ထားတဲ့ စံပမာဏ (300-1000 ng/dL) ထက် အလွန်နည်းနေတယ်လို့ တွေ့ရပြီဆိုမှသာ ကျားဟော်မုန်းအစားထိုးကုသမှု ခံယူသင့်ပါတယ်။ ကုထုံးမှာဆိုရင်ကျားဟော်မုန်း ဂျယ်လ်လိမ်းခြင်းကျားဟော်မုန်း ဆေးရည်ကပ်ခွာကပ်ခြင်းကျားဟော်မုန်း ဆေးရည်ထိုးသွင်းခြင်း ဆိုပြီး နည်းလမ်း (၃) မျိုးရှိပါတယ်။ဂျယ်လ်လိမ်းခြင်းနှင့် ကပ်ခွာကပ်ခြင်း နည်းလမ်းတွေဟာ ဟော်မုန်းအစားထိုးကုထုံးရဲ့ အန္တရာယ်အကင်းဆုံးလို့ ယူဆလို့ရပြီး ဆေးရည်ထိုးသွင်းခြင်းကတော့…

Read More . . .
knowledge

ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁)

စိတ်ချရသောရက်များနှင့် ရာသီခွင်တွက်ချက်နည်း အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် သန္ဓေအောင်သွားတတ်သည်။အောက်ပါဇယားကို ကြည့်ပြီး မိမိ၏ရာသီခွင်ကို တွက်ချက်နိုင်သည်။ အောက်ဖော်ပြပါဇယားမှာ ရာသီလာစောခြင်း ၊ နောက်ကျခြင်းများမရှိဘဲ လစဉ် ထိုရက်တွင် ရာသီပေါ်လေ့ရှိသော ဓမ္မတာမှန်သည့် အမျိုးသမီးများအတွက်ဖြစ်သည်။ ရာသီပေါ်ရက်မမှန်ပါက မိမိနှင့်သင့်တော်သော သန္ဓေတားဆေးများကို သုံးစွဲသင့်သည်။ရာသီပေါ်ပြီး(၈)ရက်ဖြစ်သည့် ဇယားတွင် နံပါတ် ၄ မှ ၁၁ သည် လင်မယားအတူနေရန် စိတ်ချရသော ရက်များဖြစ်၍ ဘာမှကာကွယ်စရာမလိုဘဲ သမရိုးကျ အိမ်ထောင်မှု ပြုနိုင်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၈)ရက်မှ ပထမ(၇)ရက်အတွင်း အမျိုးသားနှင့် မည်သည့်အကာအကွယ်ပစ္စည်းမှ အသုံးမပြုဘဲ အတူနေနိုင်ကြသည်။နံပါတ် ၁၂ မှ ၁၄ နေ့ရက်များတွင် အမျိုးသားနှင့် အကာအကွယ်မယူဘဲ အတူနေပါက အမျိုးသားကလွှတ်လိုက်သော သုတ်များမှ သုတ်အချို့ မသေဘဲ…

Read More . . .
knowledge

လင်မယား ဆက်ဆံ ရာမှာ ပါးစပ်ကို အသုံး ပြု ခြင်း

Q: ကျန်တော် သိချင် တာလေး ရှိလို့ မေး ပါရစေ ဆရာ။ Oral Practice and STDs ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးရင် ရနိုင်တဲ့ ကူးစက် ရောဂါတွေ အကြောင်း သိချင် လို့ပါ။ လိင် ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးလို့လဲ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်တယ်။ (၁) HIVလိင်က တဆင့် ကူးစက် ရောဂါ ရဘို့ နှိုင်းယှဥ် ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်း တွေထက် နည်းတယ်။ ကူးစက် ဘို့ မဖြစ် နိုင် တာ တော့ မဟုတ်ပါ။ Latex လေး တက်စ် ကွန်ဒွမ်၊ Polyurethane ပေါ်လီယူရီသိန်း ကွန်ဒွမ်၊ အမျိုး သမီး သုံး ကွန်ဒွမ် တွေ ကနေ ကူး စက် ဘို့ အခွင့် အလမ်း ကို ထိထိ ရောက် ရောက် ကာကွယ် နိုင်တယ်။ ပြုလုပ် ပေးသူရဲ့ ပါးစပ် နေရာမှာ ပြတ်ရှတာ၊ အနာ အဆာ ရှိတာ ဆိုရင် ပိုပြီး ကူးစက် လာ စေနိုင်တယ်။…

Read More . . .
knowledge

အမျိုးသမီးတွေ ပြီးတယ်ဆိုတာ…

ဆရာ အတ္တကျော်ဘလောက်ကနေ ပြန်ယူထားတာပါ.. ဖိုမရေးရာ ကိစ္စစိတ်မဝင်စား ရင် သို့မဟုတ် ရိုင်းတယ်ထင်ရင် ..ဆက်မဖတ်ပါနဲ့လို့ပြောထားပါတယ်…သည်ဘလော့ကို ဖတ်ရတာ အသိ ဗဟုသုတ တိုးပါတယ်။ အခုလို ဖော်ပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခြင်း မပြီးခြင်းဆိုတာ ဘာလဲ မသိဘူး…??? မသိလို့ မေးတာပါ။ဒီဇင်ဘာ ၁၇ ရက်နေ့က သည်ဘလော့(ဂ်)ရဲ့ ကွန်မန့်တစ်ခုမှာ ရေးပြီး မေးသွားတာပါ။တော်တော် အဖြေရကျပ်တဲ့ မေးခွန်းပါပဲ။ တတ်နိုင်သမျ ကြိုးစားပြီးဖြေပေးလိုက်ပါတယ်။ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့…

Read More . . .
sex
knowledge

ပန်းသေပန်းညှိုးရောဂါအတွက်ဆေးနည်း နှင့် အခြားဆေးနည်းများ

(၁) ခွေးလှေးယားသီးနု(အစိမ်း)ကို အရိပ်ထဲမှာ ခြောက် အောင်လှန်းပြီး နွားနို့၂၅-ကျပ်သားနဲ့ ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ (သုက်ရည်ယိုခြင်းနဲ့ ကာမကြောအားပြော့သူများ ကို ကောင်းကျိုးပြုပါတယ်)(၂) ညဉ့်အိပ်မက်၍သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ် အားနည်းသူများ အဖို့ခွေးလှေးယားစေ့ ၁-ကျပ် သား၊ မိကျောင်းကွမ်းဖတ် ၁-ကျပ်သား၊ သကြား၂-ကျပ်သား ရောကာ အမှုန့်ပြု၍ နေ့စဉ် ၆-ပဲသားခန့်ကို နွားနို့ပူပူဖြင့်သောက်ပါ(၃) ခွေးလှေးယားပင်မြစ် ၂-ပဲသားခန့်ကို ဖြတ်ယူ၍ ရေစင်စင်ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထို အပင်မြစ်ကို ပါးစပ်ထဲ ထဲ့ငုံထား ခြင်းဖြင့်သုက်လွှတ်ခြင်းကို ကြာကြာထိန်းထားနိုင်ပါတယ်။(၄) ဂျုံမှုန့်ကိုခွေးလှေးယားစေ့နဲ့ ရောချက်၍ အေးအောင်ထားပြီးနောက် ထောပတ်ရောသောက်ပါ။ပြီးရင် နွားနို့ပူပူသောက် ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်(၅) မြင်းခွာရွက် ၄-ကျပ်သား၊ ငရုပ်ကောင်း ၁-ကျပ်သားကို အမှုန့်ပြု၍ ပျားရည်ဖြင့် နံက်/ည ၆-လ တိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍လူပျိုအရွယ်ကဲ့သို့စွမ်းဆောင်နိုင်ပါတယ် (သို့မဟုတ်) မြင်းခွာရွကကိုအရည်ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်ပေးခြင်းကခွန်အားတိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်။(၆) ပန်းသေပန်းညှိုးရောဂါရှိသူများ ငါးဖရုံကို မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ။(၇) ကျွဲခေါင်းသီးကို မှုန့်ညက်နေအောင်ပြုပြီး နွားနို့ဖြင့်စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်းရောဂါပျောက်ကင်းပြီး၊ သုက်ဓာတ်ပွားလာစေပါတယ်။(၈) ငရန့်ပတူပင် အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ရောပြီး တကိုယ်လုံးလူးပေးခြင်းဖြင့် အားကုန်ခမ်းခြင်းကို မဖြစ်စေတော့ပါဘူး။(၉) ကာမသတ္တိလျော့ နည်းသူများ ကျည်းနီသီးအဆန် ကိုဗူးသီးအနှစ်ဖြင့်ရောကြိတ်ပြီး လိင်တံမှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာ…

Read More . . .
knowledge

G-spot နှင့် ကာမ သုခ

လိင်မှု ရေးရာ ကွမ်းကျင်သူများ၏ ဖက်ရှင်တစ်ခုအဖြစ် ယနေ့ပြောဆိုနေသော စကားလုံးမှာ G-spot ဆိုသော စကားဖြစ်ပြီး လိင်မှု ရေးရာအကြောင်း ပြောဆိုသည့်အခါ မပါမဖြစ် ပါဝင်နေသော စကားလုံး ဝေါဟာရ တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။၄င်း G-spot ဟူသော စကားလုံးကို ၁၉၅၀ ခုနှစ် ကတည်းက ဂျာမန်လူမျိုး ခန္ဓာဗေဒ ပညာရှင်များက ထုတ်နုတ် သုံးစွဲ ခဲ့ကြပြီး ယနေ့ခေတ်အထိ ပြောစမှတ်တွင် နေကြခြင်းလည်း ဖြစ်သည်။ G-spot သည် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုမှ မယုံကြည် နိုင်လောက်ဖွယ် သက်တောင့် သက်သာ ရှိမှုနှင့် ကာမဆန္ဒ ပြည့်ဝ ကျေနပ်စေမှု (အထွဋ်အထိပ် အရသာ) တို့ကို ဖြစ်ပေါ်စေသော ကျော်ကြားသည့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။၄င်း နေရာလေးသည် အမျိုးသမီး ယောနိ အင်္ဂါကဲ့သို့ပင် အလွန်တုန့်ပြန်ခံစား လွယ်သော တစ်ရှူးများဖြင့် တည်ဆောက်ထားပြီး မိန်းမကိုယ် (ယောနိအင်္ဂါ) ၏ အတွင်း အရှေ့ပိုင်းတွင် တည်ရှိသည်။ အမျိုးသားများ၏ လိင်တံ အင်္ဂါကဲ့သို့ပင် နှိုးဆွပေးသည့် အခါ မာကြော တောင့်တင်း လာပြီး တုန့်ပြန်တတ်သည့် ထပ်တူညီ သဘာဝလည်း ရှိသည်။ ထို အစိတ်အပိုင်းလေးကို တို့ထိရာတွင် နူးည့ငြင်သာစွာ ထိတွေ့ရန် အထူး လိုအပ်သည်။ ဖြစ်နိုင်လျင်…

Read More . . .
sex
knowledge

ဖိုမ ဆက်ဆံစဥ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ…

ဖိုမ ဆက်ဆံစဥ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ…ယနေ့ခေတ်၏ တွေ့ကြံုရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြံုနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။အမျိုးသမီးများ အနေဖြင့် သာမန် ကျေနပ်နှစ်သိမ့်မှုဖြင့် ကျန်ရစ်နိုင်ခဲ့သည့် တိုင်အောင် သူမ၏ လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အဝ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်။ (ခံစားမှု ကောင်းနေပါက ကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။ မိမိတို့၏ ချစ်ဖေါ် နှင့်…

Read More . . .
knowledge

အချိန်အကြာကြီး ဇိမ်ခံပြီး လင်မယားအတူနေရင် မိန်းမများရဲ့အင်္ဂါ ဘာထူးခြားလာမလဲ

မအင်္ဂါကျဉ်းကျပ်လာတာနှင့် ပတ်သက်လို့ ကောလဟာလတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုကို ပြောပြပါ့မယ်။ ဒီမေးခွန်းဟာ ယောကျာ်း၊ မိန်းမ နှစ်ဘက်လုံး တကယ်ခေါင်းစားတဲ့မေးခွန်းပါ။ ကာမမဆက်ဆံရင် မအင်္ဂါကျဉ်းကျပ်လာတယ် ဒါမှမဟုတ် သေးငယ်လာတယ်လို့ ယောကျင်္ားနှင့် မိန်းမနှစ်ဘက်လုံး ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို ကျွန်ုပ်တို့မဖြေခင် မအင်္ဂါနှင့်ပတ် သက်လို့ တချို့အမှန်တရားတွေကို သိထားဖို့လိုပါတယ်။ သင်ရဲ့မအင်္ဂါထဲရှိ ကြွက်သားတွေဟာ သဘာဝအတိုင်း ဆန့်နိုင် ကျုံ့နိုင်တဲ့ သတ္တိ ရှိတယ်ဆိုတာ မှတ်သားပါ။ ယောကျ်ားအင်္ဂါ ယောနိအတွင်းသို့ ထည့်သွင်းလိုက်တာနှင့် ဆန့်နိုင် ကျံု့နိုင်မှုကို ပျက်ပြယ်ပြီး မအင်္ဂါ အမြဲတန်း ကျယ်နေတာမျိုးမဟုတ်ပါဘူး။ ကညာအမြှေးပြားပေါက်သွားတဲ့အခါ မအင်္ဂါကျဉ်းလာပြီး အချစ်ရည်လူးနေတဲ့အခါ လိင်စိတ် လှုံ့ဆော်မှုတွေရှိတာကြောင်း အနည်းငယ်ကျယ်နေပြီးတော့ ကိစ္စပြီးသွားတာနဲ့ နဂိုအတိုင်းပြန်ဖြစ်သွားပါတယ်။ ပုံမှန်အားဖြင့် မအင်္ဂါရှိကြွက်သားတွေ ဒီအတိုင်းအလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ ၂ နှစ် ဆက်တိုက် ကာမဆက်ဆံရင်တော့ မအင်္ဂါကို အတိုင်းအတာတစ်ခုထိ ကျယ်စေတယ်လို့ လိင်စိတ်ကျန်းမာရေးသမားတော် နှင့် ကာမဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Dr Vijaysarathi Ramanthan က ပြောကြားထားပါတယ်။ ဒါပေမဲ့ တခဏဆက်ဆံမိလို့ ကျယ်သွားတာမျိုးမဟုတ်ပါ။ဒါပေမဲ့ ၂ နှစ် ဆက်တိုက် ကာမဆက်ဆံရင်တော့ မအင်္ဂါကို အတိုင်းအတာတစ်ခုထိ ကျယ်စေတယ်လို့ လိင်စိတ်ကျန်းမာရေးသမားတော် နှင့် ကာမဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Dr Vijaysarathi Ramanthan က ပြောကြားထားပါတယ်။…

Read More . . .
knowledge

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ ပုရိသတွေ သိထားကြတဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် အလွဲလေးတွေအကြောင်း ဖြေရှင်းပေးမှာပါ။၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား) ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ ကျွတ်သွားမှဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်လာတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲ၊ ဦးရေပြားနဲ့ ဆံသားပြဿနာတွေ၊ ဆံပင်ကို မကြာခဏပုံသွင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့တော့ လုံးဝမသက်ဆိုင်ပါဘူး။၂။ တစ်ကိုယ်ရေ အာသာဖြေတာများရင် မျက်စိကွယ်သွားနိုင်တယ်။ (အမှား) ဒါကတော့ တကယ့် ချင်း (ဂျင်း) သက်သက်ပါပဲ။ မျက်စိအမြင်မှုန်လာတာ၊ မျက်စိကွယ်ရခြင်းဆိုတာ မျိုးရိုးဗီဇ၊ ဆီးချိုရောဂါ၊ အတွင်းတိမ်၊ ရေတိမ်တွေကြောင့် ဖြစ်ရတာပါ။၃။ ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်။ (အမှား) လက်ရှိအချိန်ထိ လေ့လာစစ်ဆေးချက်အရ ပန်းသေပန်းညှိုးဖြစ်ရခြင်းရဲ့ တရားခံဟာ…

Read More . . .