အမျိုးသားများ ကျန်းမာရေး
အရေးမကြီးတဲ့ အချက်အသေးအမွှားလေးတွေက ကိစ္စအကြီးကြီးတွေရဲ့ အကြောင်းရင်းဖြစ်လာတတ်ပါတယ်။ အဲ့ဒီတော့ ကိစ္စသေးသေးလေးတွေကို သတိထားပြီး ပြုလုပ်ခြင်းက လုပ်ငန်းအကြီးစားတွေရဲ့ အောင်မြင်ခြင်းအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ အဲ့ဒီလိုပါပဲ အမျိုးသားတစ်ဦးရဲ့ အရေးအကြီးဆုံး။ အမျိုးသားဘဝရဲ့ သက်သေတစ်ခုဖြစ်တဲ့ လိင်တံကို ထိခိုက်စေမယ့် ကိစ္စအသေးအမွှားလေးတွေကို ကျွန်တော်တို့သတိမမူမိကျပါဘူး။ အဲ့ဒီ့အချက်အသေးအမွှားလေးတွေကို သတိမမူမိရင် အိမ်ထောင်ရေးကိစ္စကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီတော့ အဲ့အကျင့်လေးတွေကို သတိထားပြီးပြုပြင်သင့်ပါတယ်။ ၁။လေ့ကျင့်ခန်းအလုပ်နည်းခြင်း Cedars-Sinaiဆေးဝါးသုတေသနဌာနရဲ့လေ့လာတွေ့ရှိချက်အရ လေ့ကျင့်ခန်းလုပ်တဲ့အမျိုးသားတွေက ပန်းသေပန်းညှိုးရောဂါအဖြစ်နည်းပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုမြင့်မားပါတယ်။အမျိုးသားအယောက်၃၀၀ကို လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ မလုပ်တဲ့သူတွေကို အုပ်စုခွဲပြီး ရလဒ်ကို စာရင်းကောက်ယူပါတယ်။လမ်းလျှောက်ခြင်း ခပ်နှေးနှေးပြေးခြင်းတို့လို ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မလုပ်တဲ့သူတွေထက် လိင်ပိုင်းဆိုင်ရာစွမ်းရည် မြင့်မားကြောင်းတွေ့ရှိရပါတယ်။ ၂။ဆေးလိပ်အသောက်များခြင်း Sheffieldတက္ကသိုလ်ရဲ့ ၂၀၁၄တုန်းက အမျိုးသား ၁၉၇၀ ရဲ့သုတ်ရည်တွေကိုလေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ၄ ရာခိုင်နှုန်းထက်နည်းသော ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲသူအမျိုးသားတွေရဲ့ သုတ်ရည်ကသာ မျိုးအောင်နိုင်စွမ်းရှိပြီး ကျန် ၉၆ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူတွေမှာ အဲ့ဒီအရည်အချင်းလျော့နည်းလွန်းနေပါတယ်။ ၃။ လူပျိုဘဝ မကုန်ဆုံးသေးခြင်း အမေရိကန်ဆေးပညာဂျာနယ်ရဲ့ ၂၀၀၈ခုနှစ်တုန်းက လေ့လာမှုတစ်ခုမှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့အကြိမ်ရေများတဲ့သူတွေဟာ မဆက်ဆံတဲ့သူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းနည်းပါတယ်။လူအယောက်၁၀၀၀ကို စမ်းသပ်ကြည့်ခဲ့တဲ့ရလဒ်အရ တစ်ပတ်ကို သုံးကြိမ်လောက် ဆက်ဆံလေ့ရှိတဲ့သူတွေထဲမှာ ၁၆ယောက်သာလျှင် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ၄။အိပ်ချိန်နည်းခြင်း မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ရေးမဝတဲ့သူတွေဟာ နောက်နေ့တွေမှာ လိင်စိတ်နည်းပြီး မျိုးအောင်နိုင်စွမ်းလျော့ကျသွားတတ်ပါတယ်။အာရုံစူးစိုက်နိုင်စွမ်းကျဆင်းခြင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အရိုးနဲ့ကြွက်သားတွေ ပျော့တွဲလာနိုင်စွမ်းပိုများခြင်းတို့ကိုပါ ကြုံတွေ့နိုင်တယ်လို့ The Daily Mail သတင်းစာမှတစ်ဆင့်…
Read More . . .