thu ra – TOLIMOLI + HIGHWAY https://www.tolimolishop.com Adult Toys Shop Sun, 06 Nov 2022 11:07:45 +0000 en-US hourly 1 https://wordpress.org/?v=6.7.2 https://i0.wp.com/www.tolimolishop.com/wp-content/uploads/2020/01/e192a5bf9d5bb6baec00baf400b2f00f.png?fit=32%2C32&ssl=1 thu ra – TOLIMOLI + HIGHWAY https://www.tolimolishop.com 32 32 188221738 လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ https://www.tolimolishop.com/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-sex-toy-%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-2/ Sat, 05 Feb 2022 06:40:30 +0000 https://www.tolimolishop.com/?p=6576 Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး
ခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။

ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toyတွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။

၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။

တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့လိုချင်တဲ့ ဆန္ဒ၊ အိပ်ရာပေါ်က အနေအထား (Sex position) စတာတွေရှိပါတယ်။ Sex Toyတွေကို အသုံးပြုတဲ့အခါ တစ်ဦးတစ်ယောက်စီရဲ့ ခန္ဓာကိုယ်အနေအထား၊ အကြိုက်တွေနဲ့ ခံစားသက်ဝင်မှုစတာတွေကို ပိုပြီးနားလည်သဘောပေါက်လာစေတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ပိုပြီးကောင်းတဲ့ ခံစားမှုမျိုးကို နှစ်ဦးလုံး ခံစားရစေနိုင်ပါတယ်။

၃။ ထိုးသွင်းဆက်ဆံမှသာ အထွတ်အထိပ်ရောက်နိုင်တာ မဟုတ်ကြောင်းကို နားလည်လာတယ်။

ဒါကတော့ အမျိုးသားတွေအတွက်တော့ ပိုပြီး သက်ရောက်စေတဲ့အချက်ပါ။ အမျိုးသားအများစု မှားယွင်းစွာ လုပ်တတ်ကြတဲ့ အချက်က လိင်မှုကိစ္စစတင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အဖော်ကို လိင်စိတ်ကြွလာအောင် နှိုးဆွပေးခြင်း မရှိဘဲ သမားရိုးကျ ထိုးသွင်းဆက်ဆံလိုက်တာပါပဲ။ အဲဒီအခါ ကိုယ်ကကောင်းပြီး၊ ပြီးသွားရင်တောင် ကိုယ့်အဖော်က ဆန္ဒမပြည့်ဝဘဲ ဟာတာတာဖြစ်ကျန်ခဲ့မှာပါ။

Sex Toyတွေရဲ့ အားသာချက်က ထိုးသွင်းဆက်ဆံခြင်းမပါဘဲနဲ့လည်း နှစ်ဦးသား ဆန္ဒအထွတ်အထိပ် ရောက်စေနိုင်တယ်၊ ကာမခလုတ်တွေကို တစ်ခုချင်း ဖွင့်ဟပေးလိုက်တဲ့အတွက် စိတ်ကြွစေတယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရော၊ ကိုယ့်အဖော်ကိုပါ ဘယ်လိုကိုင်တွယ်ဆက်ဆံရင် ပိုကောင်းနိုင်လဲဆိုတဲ့ အသိကို ပေးစွမ်းနိုင်ပါတယ်။

၄။ သုက်လွှတ်မြန်တဲ့သူတွေအတွက် အသုံးဝင်တယ်။

သုက်လွှတ်မြန်တာက ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ လိင်ကျန်းမာရေးပြဿနာတစ်ခုပါ။ ယာယီဖြစ်တဲ့သူတွေလည်း ရှိသလို လိင်ဆက်ဆံတိုင်း ဖြစ်နေတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး သုက်လွှတ်မြန်တာက အမျိုးသားတွေအတွက်လည်း မကောင်းသလို ကိုယ်နဲ့ ဆက်ဆံရမယ့် မိန်းကလေးတွေအတွက်လည်း ကာမသုခကို ဘာမှခံစားလိုက်ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်မှာ ကိုယ့်ရဲ့ ချစ်သူကို Sex Toyများဖြင့် ကြိုတင်နှိုးဆွပေးခြင်းဖြင့် သူတို့အတွက်လည်း အထွတ်အထိပ်ရောက်ဖို့ မြန်စေသလို ကိုယ့်ရဲ့ သုက်လွှတ်မြန်တဲ့ပြဿနာကြောင့် စိတ်ထဲ အစိုင်အခဲတစ်ခုလို အားမလိုအားမရဖြစ်တဲ့စိတ်တွေ သိပ်ပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး။

၅။ ပိုကောင်းတဲ့ ကာမသုခကို ခံစားရစေတယ်။

အမြဲတမ်း ဒီလိုပုံစံ၊ ဒီလိုအနေအထားနဲ့ပဲ ဆက်ဆံတဲ့အခါ စုံတွဲတွေအတွက် လိင်ဆက်ဆံရမှာကို ရိုးအီသွားတာ၊ စိတ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ Sex Toyတွေရဲ့ အကူအညီနဲ့ ငြိမ်းမလိုဖြစ်နေတဲ့ ကိုယ်နဲ့ကိုယ့်ချစ်သူကြား ကာမမီးကို ပြန်ပြီးတောက်လာအောင် မီးညှိပေးလို့ရပါတယ်။ ဒါ့အပြင် Sex Toy တွေက ကိုယ့်အဖော်အတွက်လည်း ကာမဆန္ဒကို နှိုးဆွပေးနိုင်သလို လိင်ဆက်ဆံတဲ့အခါ ပိုကောင်းတဲ့ ခံစားချက်မျိုးလည်း ရစေတယ်။ ရှက်ရွံ့စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ နည်းသွားပြီး လိင်ဆက်ဆံရမှာကို စိတ်အားတက်ကြွလာစေပါတယ်။

Sex Toyတွေ အသုံးပြုတာ ကောင်းသလား၊ ဆိုးသလား။
များသောအားဖြင့် Sex Toy တွေဟာ စုံတွဲတွေအတွက် ကျန်းမာရေးအရ ဒုက္ခဖြစ်စေတာမျိုး မရှိသလို လိင်ဆက်ဆံရာမှာလည်း အဟန့်အတားဖြစ်စေတာမျိုး မရှိတဲ့အတွက် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တက်ထွက်လိုမျိုး သုက်လွှတ်မြန်သူတွေ၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဆရာသိပ်မကျသေးတဲ့ အမျိုးသားတွေ၊ ကိုယ့်ချစ်သူ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လို နှိုးဆွရမလဲ ကောင်းစွာ မသိသူတွေအတွက် Sex Toyတွေ အသုံးပြုပေးခြင်းဖြင့် ကာမစိတ်ကို ပြန်ပြီးနိုးကြားတက်ကြွလာစေနိုင်ပါတယ်။

အကယ်လို့ ကိုယ့်ချစ်သူနဲ့ မဟုတ်ဘဲ သူစိမ်းနဲ့ ဆက်ဆံမှာဆိုရင်တော့ Sex Toy မျှဝေသုံးစွဲတာမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းက လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်ဖို့အခွင့်အလမ်းများလို့ပါ။ ပုံမှန်အားဖြင့် Sex Toyအသုံးပြုပြီးတိုင်း ရေ၊ ဆပ်ပြာနဲ့ သေချာပွတ်တိုက်ဆေးကြောပြီး အခြောက်ခံထားဖို့နဲ့၊ ဖုန်တက်နေတဲ့ Sex Toyတွေကို မဆေးဘဲ အသုံးမပြုဖို့တော့ သတိထားသင့်ပါတယ်။

credit : Hello Health Group

]]>
6576
Kegel ball အမျိုးသမီးအင်္ဂါကျဉ်းအောင်လေ့ကျင့်တဲ့ဘောလုံး https://www.tolimolishop.com/kegel-ball-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8/ Thu, 30 Dec 2021 16:23:47 +0000 https://www.tolimolishop.com/?p=6322 ‼အမျိုးသမီး သီးသန့် သာ ဖတ်ရန်ရည်ရွယ်ပါသည်။ ‼

အမျိုးသမီးကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် ဗဟုသုတရစေရန်အလို့ဌာ ပွင့်လင်းမြင်သာသော ရှုထောင့်မှ review ပေးခြင်းဖြစ်သည့်အတွက်ရိုင်းစိုင်းသော comments များပေးခြင်းသည်းခံ ပါ။
တကယ်ဆို အခုအောက်မှာရေးထားတာထက်ပိုပြီး အများကြီး ရေးပေးချင်တာပါ။ ရေးပေးရင် မကောင်းတတ်လို့ ရိုင်းစိုင်းတဲ့ comments တွေလာမှာစိုးလို့ နည်းနည်းပဲရေးပေးလိုက်ပါတယ်။

၂၀၂၀ ၊ ၉ လပိုင်းမှာ စသိပြီး အဲ့ကတည်းက kegel device နဲ့ kegel ball ကို တခါထဲ ဝယ်ပြီးသုံးခဲ့တာပါ။ ကိုယ်သိသလောက်ပြန်ပြီး sharing and reviewing လုပ်ပေးပါမယ်။ ( KED- Kegel Device / KEB-Kegel Ball)
ကိုယ်က KED ရော KEB ရောကောင်းပြီး တကယ်လုပ်ရင် ထိရောက်ပါတယ်။ ကိုယ်ကအပျင်းကြီးပြီးတော့ KED ကို ဆော့လိုက်မဆော့လိုက်နေတာပါ။ KED ဟာ အမျိုးသားရော အမျိုးသမီးရော မည်သူမဆိုဆော့လို့ရတာပါ။ ၂ ခု စလုံး ဟာ Pelvic muscle အတွက်ရော ဆီးမထိန်းနိုင်ဖြစ်နေ တဲ့ လူတွေအတွက်ရော လုပ်ရင် တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းလေးတွေပါ။ KED ဟာ အမြဲဆော့ပေးရင် ဗိုက်အောက်ပိုင်းအဆီကိုကျစေပီး ပေါင်အတွင်းသား ပေါင်အနောက်ဘက်က Cellulite ကိုပါ ကျစေပါတယ်။ ဆီးမထိန်းနိုင်တဲ့ သူတွေ ဆီးထိန်းလာနိုင်ပါတယ်။
အကယ်၍ မဝယ်နိုင်ဘူး ပိုက်ဆံမတတ်နိုင်ဘူးဆို လဲ စိတ်ဓာတ်မကျနဲ့နော် free hand pelvic floor exercise ဆိုပြီး YouTube ကနေကြည့်ပြီး ဆော့လို့ရပါတယ်နော်
KEB ကိုတော့ ဘယ်သောအခါကမှ မပျက်အောင်ဆော့ပါတယ်။ ခရီးသွားရင်တောင်ယူသွားပါတယ်။
ကိုယ်က ကလေးလဲ ၂ ခါမွေးထားတော့ လေ အဲ့တာတွေနဲ့ ပတ်သတ်ရင်အမြဲ လေ့ကျင့်ခန်းကို နဂို ကတည်းက free hand ဆော့ခဲ့တာပါ၊ Device လေးတွေရှိတော့ ဆော့ရတာလဲ ပို အဆင်ပြေတာပေါ့နော်။
အမျိုးသမီး အင်္ဂါ ညစ်အားဟာ လဲ အရမ်းကို သန်မာလာပြီး ပြောင်းလဲ မှုကို တကယ်ခံစားရပြီး ကိုယ့်ရဲ့ partner နဲ့ အတူနေတဲ့ အချိန်မှာလဲ နှစ်ယောက်လုံးက တကယ်ကောင်းပြီး အထွဋ်အထိပ်ကို ရောက်ပါတယ်။ အမြဲ ကိုယ်နဲ့ဆို နေပြီးရင်းနေချင်သလိုပါဖြစ်ပါတယ်။ တကယ်လုပ်ရင် ၂ ပတ်ဆိုရင်တောင်တော်တော် သိသာနေပါပြီ။ တဖက် partner ဟာလဲ နေတဲ့ အချိန်မှာပြောင်းလဲ မှုကိုတောင် ပါးစပ်ကနေ ပြောမိတဲ့အထိကို ဖြစ်ပါတယ်။
တကယ်ထိရောက်လို့ သူငယ်ချင်း ၆ ယောက် ထက်မကသော သူတွေ ကို လဲ အတင်းတွေဆော့ခိုင်းတာ သူတို့ ဆော့တော့လဲ သိသာပါတယ်။ အကယ်၍ ကိုယ့်ဘဲ နဲ့ အမြဲနေတယ် နေတာလဲ ကြာနေပြီ ၊ အိမ်ထောင်လဲ ရှိမယ် ကလေးမွေးထားပြီး ရင် ဆော့ကို ဆော့သင့်ပါတယ်။ ပြီးရင် အမျိုးသားက ကိုယ်နဲ့နေရင် စိတ်မပါသလို ဖြစ်တာ မွေးလမ်းကြောင်းကျယ်နေပြီ ထင်တဲ့လူတွေ မြန်မြန်သာ ဝယ်ပြီးဆော့ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ထူးခြားလာတာကို သိလာပါလိမ့်မယ်။ ကိုယ့်ကို ကိုယ် လဲ ယုံကြည်မှုတိုးလာပါမယ်။
KEB က google မှာ ရှာကြည့်လဲ ရပါတယ် ပုံစံ ဒီဇိုင်း အရွယ် အလေးချိန် မျိုးစုံ ရှိပါတယ်။
ကိုယ်ကတော့ရန်ကုန်မှာ ရှိတဲ့ဟာကို ဝယ်သုံးဖြစ်တာပါ။ အညွှန်းအတိုင်းပဲ level 1 ကို ၁ လ ၊ level 2 ကို ၁ လ ၊ level 3 ကို တော့ တောက်လျှောက်ဆော့နေတာပါ။ ဘယ်တော့မှ မိနစ် ၃၀ ထက်ပို မထည့်ထားပါဘူး။ မသုံးခင်အမြဲ femfresh ( သို့ ) betadine feminine wash foam နဲ့ ဆေးပါတယ် ပြီးမှ water base lubricant နဲ့ သုတ်ပြီး အမျိုးသမီး အင်္ဂါ ထဲ ကို ထည့်တာပါ။ သုံးပြီးတိုင်းလဲ အမြဲ feminine wash နဲ့ပြန်ဆေးပါတယ်။
Vibrator အကြောင်းမပြောခင်မှာ မိန်းကလေးတွေမှာ orgasm ဖြစ်ဖို့ ၃ နေရာ ရှိပါတယ် (G-spot , C-spot and A-spot )။
အမျိုးသမီးတွေဟာ လိင် အကြောင်းပြောရင်မပြောသင့်ဘူး ဒါဟာ လူ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး ၊ ရှက်စရာလို့ကို မြင်နေကြပါတယ်။ကိုယ် လဲ ငယ်ငယ်က အဲ့လိုပဲ ထင်ခဲ့လို့ ပွင့်လင်းမှု မရှိတော့ အဆင်မပြေခဲ့တာ အများကြီး ဒီ ၁ နှစ် နဲ့ ၆ လမှာမှ အများကြီး သိလာပြီး ရှက်စရာမဟုတ်တာ ကို နားလည် လာတာပါ။ ယောကျာ်းလေးတွေ ပြီး ရင်ကို ကျေနပ်နေရတာနဲ့။ လိင်ဆက်ဆံတယ် ဆိုတာ ၂ ဦး ၂ ဖက်ကောင်းမှ သာယာတဲ့ sex ကို ရမှာပါ။ ကိုယ်ဟာ ဘယ်နေရာကို ဆိုပြီးတယ် ၊ ပိုကြိုက်တယ်ဆိုတာလဲ သိထားဖို့လိုပါတယ်။ မြန်မာ အမျိုးသမီးအိမ်ထောင်သည်တော်တော်များများဟာ အိမ်ထောင်သက်သာ ကြာတာ ပြီးလားမပြီးလားကို တောင်အခုထိမသိကြပါဘူး။ partner နဲ့အတူနေရင်းမပြီးရင် လဲ ဘယ်နေရာက ကိုယ်အတွက်အကြိုက်ဆုံးအပိုင်းလဲ လေ့လာပြီး foreplay လုပ်ခိုင်းပြီး ပြီးကြည့်ပါ။

🔹G-Spot
မိန်းမကိုယ်အတွင်းတွင် Grafenberg spot သို့မဟုတ် G-spot ဟုခေါ်သော သေးငယ်သော ဧရိယာ ဖြစ်ပါတယ်။ ၎င်းသည် ဝမ်းဗိုက် နှင့်အနီးဆုံးတွင် မိန်းမကိုယ်အပေါ်ပိုင်းရှိ မိန်းမကိုယ်နံရံတွင် တစ်လက်မခန့် သို့မဟုတ် ထို့ထက်မက နေရာမှာရှိပါတယ်။ G-spot သည် လိင်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်ဖြစ်ပြီး လိင်စိတ်နိုးကြားလာချိန်တွင် အနည်းငယ်ဖောင်းလာပြီး ကြီးလာပါက သို့မဟုတ် ဖုထစ်လေးလို ဖြစ်လာရင် လိင်စိတ်နိုးလာပါပြီ။ G-spot အတွက်ထုတ်ထားတဲ့ vibrator တွေလဲ အများကြီးပါ။

🔹C-Spot
clitoris ၏ ထိပ်ဖျားတွင် ပဲတောင့်နှင့်တူသော အဖုအပိန့်တစ်ခုကို တွေ့နိုင်သည်၊ ဤ သီးခြားနေရာကို C-Spot လို့ပြောလို့ရပါတယ်။ အဲ့နေရာ ဟာ clitoris ၏ အထိခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းဖြစ်ပြီး ၊ သူ့ရဲ့ တစ်ခုတည်းသောလုပ်ဆောင်ချက်မှာ ပျော်ရွှင်မှုခံစားရပြီး orgasm (အော်ဂဇင်) တစ်ခုဆီသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။C-spot အတွက် vibrator တွေလဲ အများကြီးရှိပါတယ်။ လက်နဲ့ လုပ်လဲရပါတယ်။

🔹A-Spot
A-Spot ကို သိတဲ့လူ နဲတယ်။ A-spot ဟာ g-spot ရဲ့အရှေ့ပိုင်း fornix erogenous zone ဟုလည်းသိကြသည်။ A-spot ကို အထူးသဖြင့် စူးစမ်းမှုနည်းပါးကြသည်။ A-spot သည် G-spot အထက်နှင့် သားအိမ်ခေါင်းနှင့် ပိုနီးကပ်သော မိန်းမင်္အဂါလမ်းကြောင်းထဲမှာပိုမိုတည်ရှိပါတယ်။ အချို့က A-spot ဟာ သားအိမ်ခေါင်းကို ထိလို့ A-spot ကို နှိုးဆွပေးခြင်းဟာ သက်တောင့်သက်သာ မဖြစ်ဘူး လို့ပြောကြတယ်။ G-spot ကို ရှာပြီး မိန်းမကိုယ်ထဲ နှစ်လက်မ (အထက်) ပိုနက်အောင်ရွေ့လိုက်ရင် အဲ့နေရာဟာ A-spot ပါ။
လက်ချောင်းမရှည်ဘူးဆိုရင် လဲ sex toy အသုံးပြုပြီးရှာလို့ရပါတယ်။
Vibrator review လေးပြန်သွားမယ်နော်။
အမျိုးသမီးလိင်အာသာဖြေတာဟာ လုံးဝရှက်စရာမဟုတ်ပါ။ ရန်ကုန်မှာ ပဲ kegel ball ဝယ်တဲ့ဆီကပဲ vibrator ကိုလဲ ၇ လပိုင်းကဝယ်ပြီး ကိုယ် လဲ စမ်းဖူးပါတယ်။ ကိုယ်ကပဲ မခံစားတတ်တာလား တော့မသိဘူး လုံးဝကိုမကြိုက်တာပါ။ အဲ့တာနဲ့ ဆက်မသုံးဖြစ်ဘူး။ function ၆ မျိုးလားမသိဘူးပါတယ် ခလုတ် အသေးလေးပါသီးသန့်ပါပါတယ်။ တမျိုးပြီး တမျိုးပြောင်းလဲ အဲ့တာက တုန်တာကလွဲပြီး ဘာမှကို ထူးခြားမှုမပေးတာပါ ၊ ဘာခံစားမှုမှလဲမရတာပါ။ သူငယ်ချင်းကတောင် vibrator လုံးဝမကြိုက်တဲ့ မိန်းကလေးက ကိုယ်ပဲရှိတယ်လေ လို့တောင်နောက်တယ်။ အခြားလူအတွက်တော့ ကြိုက်လိမ့်မယ် ကိုယ်ကတော့မကြိုက်လို့ ပြန်ပြောပြတာပါ။
ဆရာဝန်လဲ မဟုတ်သလို sex အကြောင်းလဲ ဆရာမကြီးမဟုတ်တော့ ကိုယ်သိသလောက်ပြန် sharing ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။
credit #myintmyatmyatsoe

]]>
6322
BDSM ဆိုသည်မှာ…. https://www.tolimolishop.com/bdsm-%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%ac/ Sat, 24 Jul 2021 13:48:20 +0000 https://www.tolimolishop.com/?p=5653 ဒီစကားလုံးကို ကျွန်တော်တို့ အားလုံးကြားဖူး၊ တွေ့ဖူးကြမှာ သေချာပါတယ်။ အပြာဆိုက်ဒ်တွေမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ တွေ့ရလေ့ရှိပြီး Fifty Shades Of Grey ဇာတ်ကားကလည်း ဒီစာလုံးလေးလုံးနဲ့ ပတ်သက်ပြီး လူသိများထင်ရှားလှတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် BDSM အကြောင်းကို ကောင်းကောင်းသိတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာဖတ်သူအမျိုးသားတို့ သိသင့်သမျှကို သိစေရပါမယ်။

BDSM ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

BDSM ဆိုတဲ့ စကားလုံးလေးတွေက Bondage & Discipline (ချည်နှောင်ခြင်းနှင့် စည်းကမ်းသတ်မှတ် ထိန်းချုပ်ခြင်း)၊ Sadism and Masochism (ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှု၊ နာကျင်မှုအပေါ်ကျေနပ်မှု) ဆိုပြီး အဓိပ္ပါယ်တွေကို အနီစပ်ဆုံးမှတ်ယူနိုင်ပါတယ်။ တကယ်တော့ BDSM ဆိုတာ အဆင့်နိမ့်နေရာများမှာ Role Paly လုပ်ဟန်ဆောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ပြီး စည်းကမ်းကြပ်မှတ်ခြင်းနဲ့ နာကျင်မှုနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုတို့ကနေ ကာမသာယာမှုတွေကို ဖန်တီးတာဖြစ်ပါတယ်။ BDSM ကို လိင်မဆက်ဆံခင် ကိုယ်လက်နှီးနှောရာမှာ လိင်စိတ်ပိုမိုတက်ကြွစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။

Bondage & Discipline
ပိတ်ထားတဲ့ အခန်းတံခါးနောက်ကွယ်မှာ ချည်နှောင်ခြင်းဆိုတာက သာမာန်အဓိပ္ပါယ်တွေနဲ့ ကွဲပြားပါတယ်။ ဒီနည်းလမ်းကို အသုံးပြုတဲ့သူတွေမှာ Top သို့မဟုတ် Dominator လို့ခေါ်ဆိုတဲ့ အထက်စီးရသူ သခင်နဲ့ Bottom သို့မဟုတ် Submissive နှိမ်ချခံရသူ အစေခံ ဆိုတဲ့ နေရာတွေကို ရွေးချယ်ရပါတယ်။ လိင်စိတ်ပိုမိုကြွတက်လာဖို့အတွက် ခန္ဓာကိုယ်လက်အစိတ်အပိုင်းတွေကို ချည်နှောင်ထားတာတွေ ပါဝင်ပါတယ်။ စတင်လုပ်ဆောင်သူတွေကတော့ ခြေလက်တွေလောက်ကိုပဲ ချည်နှောင်ကြပြီး ခါးပတ်၊ လည်စီး၊ လက်ထိပ်စတာတွေကိုပဲ အသုံးပြုကြပါတယ်။ အကြမ်းစားနှစ်သက်တဲ့ ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုဟ်တွေကတော့ သာယာမှုပိုမိုရရှိဖို့အတွက် ခြေလက်တွေသာမကာ လိင်အင်္ဂါအစိတ်အပိုင်းတွေပါ ချည်နှောင်ထားလို့ရတဲ့ ကိရိယာတွေကို အသုံးပြုတတ်ကြပါတယ်။ အသက်ရှုကျပ်အောင်လုပ်တာကလည်း Bondage ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Discipline (စည်းကမ်းသတ်မှတ် ထိန်းချုပ်ခြင်း)ကလည်း သိပ်တော့မကွာပါဘူး။ ကွာခြားချက်တစ်ခုကတော့ ဘယ်လိုနေ၊ ဘယ်လိုလုပ်ဆိုတာတွေကို ကြိုတင်သတ်မှတ်ထားပြီး ဒီသတ်မှတ်ချက်ကို ဖောက်ဖျက်ခဲ့ရင် အပြစ်တစ်ခုခုပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အပြစ်ပေးတဲ့နေရာမှာ လက်ဝါးနဲ့ရိုက်တာ၊ ကျာပွတ်နဲ့ရိုက်တာတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးမှုတွေ ရှိသလို ချိုးချိုးနှိမ်နှိမ်ပြောဆိုဆက်ဆံတဲ့ စိတ်ပိုင်းဆိုင်ရာအပြစ်ပေးမှုတွေလည်း ရှိပါတယ်။ သာယာမှုကို နာကျင်မှုကနေတဆင့် ခံစားစေတာ၊ ခံစားရတာက နှစ်ဦးနှစ်ဖက်လုံးကို အစွန်းဆုံးထိ ကိလေသာစိတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Sadism & Masochism
ဒီစာလုံးနှစ်ခုက BDSM ရဲ့ အနှစ်ပဲဖြစ်ပါတယ်။ Sadism နဲ့ Masochism နှစ်ခုစလုံးက နာကျင်မှုကနေ လာတာဖြစ်ပါတယ်။ နာကျင်အောင်လုပ်သူနဲ့ နာကျင်ခံရသူတွေ ပါဝင်ပါတယ်။ Sadism (ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှု)မှာ လိင်ဆက်ဆံဖက်ကို နာကျင်အောင်လုပ်ရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ စကားနဲ့ပြောဆိုဆက်ဆံတာ၊ လက် ဒါမှမဟုတ် ကျာပွတ်နဲ့ရိုက်တာ၊ အသက်ရှုကျပ်အောင် လုပ်တာ၊ ဖယောင်းစက်ချတာ၊ ကျင်စက်နဲ့တို့တာတွေအထိ အမျိုးမျိုးရှိပါတယ်။ Maschism (နာကျင်မှုအပေါ် သာယာကျေနပ်မှု) မှာတော့ နာကျင်အောင်လုပ်တာတွေကနေတဆင့် လိင်စိတ်နိုးကြွလာပြီး သာယာမှုရှာတာဖြစ်ပါတယ်။

BDSM ရဲ့အကြောင်းကတော့ ဒီလောက်ပါပဲ။ ရုတ်တရက်တွေးကြည့်လိုက်ရင် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်ရပေမယ့် လိင်ဆက်ဆံဖက်က သဘောတူညီမှ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အပေါ့စားနည်းလမ်းတွေလောက်က ပြဿနာမရှိပေးမယ့် စိတ်လှုပ်ရှားလွန်းပြီး စိတ်လွတ်သွားမယ်ဆိုရင်တော့ တစ်ဖက်လူကို ထိခိုက်မိစေနိုင်ပါတယ်။ BDSM နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကိုလည်း ဖော်ပြလိုက်ပါတယ်။

၁။ BDSM ဆိုတာ Bondage & Discipline, Sadism & Masochism ကို ကိုယ်စားပြုပါတယ်။ ဒီ နည်းလမ်းတွေထဲက တစ်ခုခု ဒါမှမဟုတ် အားလုံးကို ကျင့်သုံးတာမျိုးကို ခေါ်ပါတယ်။

၂။ BDSM က ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုဖြစ်ပါတယ်။ ကာမဆက်ဆံမှုတစ်ခုမှာ သာယာမှုကို မြင့်တင်ပေးတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

၃။ BDSM လို့ပြောတိုင်း အမြဲတမ်း လိင်ကိစ္စနဲ့ ပတ်သက်နေတာမဟုတ်ပါဘူး။ တစ်ချို့တွေက ဒီနည်းလမ်းတွေနဲ့ ခန္ဓာကိုယ် နာကျင်မှုနဲ့ သာယာမှုကိုသာ ခံစားတတ်ကြပြီး တစ်ချို့တွေကတော့ လိင်ကိစ္စအထိ လုပ်ဆောင်တတ်ကြပါတယ်။

၄။ အင်အားသုံးပြီး လိင်ဆက်ဆံမှုပြုလုပ်တာက BDSM မဟုတ်ပါဘူး။ BDSM မှာ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုရှိဖို့ လိုအပ်ပါတယ်။

၅။ BDSM ဆိုလိုက်တိုင်း ကျာပွတ်တွေ၊ ချိန်းကြိုးတွေ၊ လက်ထိပ်တွေ ပါမှ မဟုတ်ပါဘူး။ ဒီကိစ္စမှာ စည်းမျဉ်းမရှိပါဘူး။ နာကျင်မှုမရှိပဲ အာရုံခံစားမှုပိုကောင်းတဲ့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ တစ်ယောက်ပြောတဲ့အတိုင်း နောက်တစ်ယောက်က ဘာမဆိုလုပ်ဖို့ သဘောတူရင် BDSM လို့ ပြောလို့ရပါတယ်။

၆။ BDSM နည်းလမ်းကျင့်သုံးသူတွေမှာ Top နဲ့ Bottom ဆိုပြီး အုပ်စုနှစ်မျိုးခွဲလို့ ရပါတယ်။ Top နေသူတွေကတော့ အသာစီးရသူ၊ နာကျင်စေသူတွေဖြစ်ပြီး Bottom နေသူတွေကတော့ ခိုင်းသမျှလုပ်ရသူ၊ နာကျင်ခံရသူတွေ ဖြစ်ပါတယ်။

၇။ BDSM လုပ်တော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက် ဘာကိုကြိုက်တယ်၊ ဘာကိုမကြိုက်ဘူး၊ ဘာကိုတော့ လက်ခံနိုင်တယ်၊ ဘာကိုတော့ လက်မခံနိုင်ဘူးဆိုတာကို အတိအလင်းဆွေးနွေးထားဖို့ လိုပါတယ်။

၈။ လိင်မှုကိစ္စရှုပ်ပွေးသူတွေမှာ BDSM ကို ကျင့်သုံးတာမဟုတ်ပါဘူး။ တစ်လင်တစ်မယားစနစ်ကျင့်သုံးသူတွေလည်း BDSM လုပ်ဆောင်သူတွေ ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆို ရှင်းလောက်ပြီထင်ပါတယ်။

Gentleman Magazine
www.tolimolishop.com

]]>
5653
မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား https://www.tolimolishop.com/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba-%e1%80%95%e1%80%94%e1%80%ba/ Sat, 24 Jul 2021 09:42:06 +0000 https://www.tolimolishop.com/?p=5649 “Squirting” ဆိုတာ ဘာပါလဲ။ မိန်းမတိုင်း လုပ်နိုင်ပါသလား။ အဲဒီမေးခွန်းတွေကို ဆရာဝန်တွေက ဖြေပေးထားပါတယ်။

မိန်းမခန္ဓာကိုယ်ဟာ လျှို့ဝှက်ဆန်းကြယ်ပါတယ်။ G Spot ရှိမရှိကို ငြင်းသူတွေက ငြင်းနေကြတုန်းမှာ မိန်းမ သုတ်ရည် ပန်းထွက်ခြင်းနဲ့ ပါတ်သတ်ပြီးလဲ အငြင်းအခုန်တွေ ဖြစ်နေပါတယ်။ ကံကောင်း စွာနဲ့ မကြာသေးခင်က လေ့လာချက်တွေက သုတ်ရည် ပန်းထုတ်တာနဲ့ ပါတ်သတ်ပြီး တချို့တဝက်ကို ဖြေရှင်းနိုင်ပြီ ဆိုပါတယ်။

အဲဒါက ဘာလဲ

မိန်းမတော်တော်များများက အဲဒါကို ဆီးလို့ပဲ ထင်ပါတယ်။ ပြင်သစ် လေ့လာချက်တစ်ခုက အရည်ပန်းထုတ်တတ်တဲ့ မိန်းမတွေကို စစ်ဆေးပြီးနောက်မှာ အဲဒီ မိန်းမတွေ ပြီးဆုံးပြီးသွားရင် ဆီးအိမ်ထဲက ဆီးပမာဏ လျော့နည်းသွားတာကို လေ့လာ တွေ့ရှိရပါတယ်။

ဒါပေမယ့် ဩစတီးယားက ဆီးလမ်းကြောင်းဆိုင်ရာ ပညာရှင်တစ်ယောက်ကတော့ မိန်းမ ပရော့စတိတ်ဂလင်းနဲ့ အရည်ပန်းထုတ်ခြင်းကို လေ့လာတွေ့ရှိခဲ့ပြီ ဆိုပါတယ်။ သူ့ရဲ့ လေ့လာချက်အရ ၁၀ ရာခိုင်နှုန်းထက် နည်းတဲ့ မိန်းမတွေဟာ ဆီးမဟုတ်၊ ဆက်ဆံစဉ် ထွက်တဲ့ အရည် မဟုတ်တဲ့ အခြား အရည်တစ်မျိုးကို တွေ့ရှိခဲ့ပြီ ဆိုပါတယ်။ အဲဒီ အရည်ဟာ ယောက်ျားတစ်ယောက် ဆက်ဆံစဉ် ထွက်ရှိတဲ့ သုတ်ရည်နဲ့ ဓာတုဗေသ သဘောချင်း တူနေတာ တွေ့ရပါတယ်။

အဲဒါ ဘယ်ကလာလဲ

မိန်းမတစ်ယောက်ရဲ့ မအင်္ဂါ အတွင်းပိုင်း အပေါက်နားလေးမှာ ဂလင်း သေးသေးလေးတွေ အများကြီးပါ။ အဲဒါတွေက မိန်းမသုတ်ရည်ရဲ့ အရင်းအမြစ် ဖြစ်နိုင်ပါတယ်။ အဲဒီ ဂလင်းလေးတွေကို မိန်းမ ပရော့စတိတ်ဂလင်းလို့လဲ ခေါ်ပါတယ်။

တကယ် ထွက်တဲ့ မိန်းမသုတ်ရည်ဟာ အပြာကားတွေထဲက မိန်းမတွေ ထွက်တာနဲ့ မတူပါဘူး။ တကယ် ထွက်တဲ့ သုတ်ရည်ဟာ အနံ့ပြင်းပြီး ပျစ်ချွဲချွဲ အဖြူရောင် ရှိပါတယ်။ တကယ် အရည် ပန်းထွက်တယ်ဆိုတာဟာ အဲဒီအရည်နဲ့ ဆီးနဲ့ ရောထားတာပါ။

ပြောရရင် အပြာကားထဲက ရိုက်ကွက်တွေဟာ အတုတွေပါ။ မင်းသမီးရဲ့ ရဲ့ မအင်္ဂါထဲ ကြိုပြီး ထိုးထည့်ထားပြီး လှုံ့ဆွပေးလိုက်တဲ့အခါ ပန်းထွက်လာတာပါ။

မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား

ဒီကိစ္စကတော့ ပြောရခက်ပါသေးတယ်။ မိန်းမတစ်ယောက် ဘယ်လောက် ကောင်းနေနေ သုတ်ရည် ပန်းထုတ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ မိန်းမ တစ်ယောက်ခြင်းစီအတွက် ကွဲပါသေးတယ်။ အာဖရိကက တချို့ လူမျိုးစုတွေမှာ မိန်းမတိုင်းက အရည်ပန်းထုတ်နိုင်ပါတယ်။ တချို့ လိင်ကျွမ်းကျင် ပညာရှင်တွေကလဲ မိန်းမကို အရည် ပန်းထုတ်နိုင်အောင် သင်ပေးနိုင်တယ် ဆိုပါတယ်။ ဒါပေမယ့် မိန်းမတွေ အရည်ပန်းထုတ်ခြင်းက ပိုကောင်းကောင်း ခံစားရတယ်လို့ မဆိုလိုပါဘူး။

အဲဒါက မိန်းမတွေရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ ဆိုင်နိုင်ပါတယ်။ တချို့မိန်းမတွေက တချို့ ဆက်ဆံပုံတွေကို ပိုကြိုက်သလိုပါပဲ။ တချို့က အရည်ပန်းထုတ်နိုင်ပါတယ်။ ဒီကိစ္စမှာ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်။

www.tolimolishop.com

]]>
5649
သုတ်လွှတ်မြန်နေပြီဆိုရင် https://www.tolimolishop.com/%e1%80%9e%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%ae%e1%80%86%e1%80%ad%e1%80%af%e1%80%9b/ Sat, 24 Jul 2021 09:09:47 +0000 https://www.tolimolishop.com/?p=5642 တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလားး

စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင် ဒီသိပ္ပံနည်းကျနည်းလမ်းတွေကိုကြိုးစားသင့်ပါတယ်မိတ်ဆွေ

သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး(သုတ်လွှတ်မြန်နေပြီ)ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ကြုံနေရတဲ့ကိစ္စပါ ။

သုတ်လွှတ်မြန်တယ်( ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်)ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။

ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

အမျိုးသားတွေသတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့မဟုတ်ပါဘူး။ဆက်ဆံတဲ့ချစ်သူအမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။

Dr.Thomas J.Walshနဲ့ အခြားဆေးပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြခဲ့ကြပါတယ်။အဲ့ဒါတွေကတော့

၁။ကိုယ့်ကိုကိုယ်သိပါ

ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။အဲ့ဒီပြီးတော့မယ့်အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့ Dr.Emily Morseကပြောပါတယ်။Lotionဒါမှမဟုတ်ချောဆီတစ်ခုခုကိုအသုံးပြုပြီး ပြီးခါနီးအချိန်ကိုရောက်အောင်လေ့ကျင့်သင်တယ်လို့ Drက ထပ်ပြောပါတယ်။

၂။ညှစ်ခြင်း

ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါလို့ Dr.Ian Kernerကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ်ခဏလောက်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr.Walshက ထပ်ပြောပါတယ်။

၃။အမျိုးသမီးကို ဦးစားပေးပါ။

ပါးစပ်နဲ့။ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစာနိုင်ပါလိမ့်မယ်လို့ Dr.Kernerက ပြောပါတယ်။

၄။ထုံဆေးး

သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့စပရေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီးကတော့ အဲ့ဒီ့အာနိသင်ကို ခံစားရမှာမဟုတ်ပါဘူးလို့ Dr.Walshက ပြောပါသေးတယ်။Promescentဆိုတဲ့ဆေးနဲ့ သူ့လူနာတွေအဆင်ပြေတယ်လို့ Drက ပြောပါသေးတယ်။ဒါပေမယ့် သတိထားစရာတစ်ခုရှိပါတယ်။အာရုံခံနိုင်စွမ်းလျော့ကျတာနဲ့အမျှ လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကလည်း ကျလာတာကိုပါပဲ။

၅။ကွန်ဒုံး

တချို့ကုမ္ပဏီတွေက ပိုထူတဲ့ရာဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ပါတယ်။အဲ့ဒါတွေရဲ့ အာနိသင်ကတော့ ထုံဆေးတွေလိုပါပဲလို့ Dr.Morseကပြောပါတယ်။“Extended Pleasure””maximum performance”ဆိုတဲ့ စကားလုံးတွေပါတဲ့ ကွန်ဒုံးတွေကို ရွေးနိုင်ပါတယ်။

၆။စိတ်ကြွဆေးး

လိင်တံထောင်မတ်လာဖို့ စိတ်ကြွဆေးတွေသုံးကျပါတယ်။ဥရောပမှာတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ စိတ်ကြွဆေးတွေရှိပါတယ်။ဒါပေမယ့် စိတ်မချရပါဘူး။သုတ်လွှတ်မြန်တာကို ကုစားဖို့ စိတ်ကြွဆေးကို ကုထုံးတစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့ လွဲမှားတဲ့ကုထုံးတစ်ခုပါ။စိတ်ကြွဆေးတွေဟာ စိတ်ကျရောဂါ။စိတ်ကစဉ့်ကလျားဖြစ်စေတဲ့ရောဂါနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသေးတယ်။Dr.Walshကအကြံတစ်ခုပေးပါတယ်။စိတ်ကြွဆေးတွေသုံးမယ်ဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါတဲ့။

၇။ကျွမ်းကျင်သူတစ်ဦးကိုမေးပါ

အပေါ်က နည်းလမ်း၆ခုနဲ့ ကြိုးစားကြည့်ပြီး သုတ်လွှတ်မြန်တာကို ဖြေရှင်းလို့ မရရင်တော့ လိင်ရောဂါအထူးကုဆရာဝန်တစ်ယောက်နဲ့ပြကြည့်ပါလို့ အကြံပြုချင်ပါတယ်လို့ Dr.Walshက ပြောပါသေးတယ်။

www.tolimolishop.com

]]>
5642
သင့်ချစ်သူကို ခံစားမှုအထွဋ်အထိပ်သို့ အမြန်ရောက်ရှိစေမည့် နည်းလမ်း(၄)ခု https://www.tolimolishop.com/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%a1/ Fri, 23 Jul 2021 16:12:20 +0000 https://www.tolimolishop.com/?p=5607 မိန်းကလေးတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာသာယာမှုတွေကို တွေ့ကြုံခံစားရဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူနဲ့ အတူနေတဲ့အခါမှာ သူမမြန်မြန်ကိစ္စပြီးအောင်ဆိုပြီး အင်အားသုံးပြီး အပြင်းအထန်အားထုတ်နေလို့လည်း ထူးမှာမဟုတ်ပါဘူး။ သူမ ခံစားမှုအရှိန်မသေစေပဲ ကိစ္စမြန်မြန်ပြီးစေမယ့် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မတွေ့ခင်ကတည်းက ကြိုတင်နှိုးဆွပါ။

သင့်ချစ်သူဆီကို အရင်တစ်ခေါက်အတူနေတုန်းက အကြောင်းအရာလေးတွေကိုပဲဖြစ်ဖြစ်၊ သူမကို ဘယ်လိုတမ်းတမိတဲ့အကြောင်း၊ သူမကို ဘယ်လိုစိတ်ကျေနပ်စေမယ့်အကြောင်းတွေကို မက်ဆေ့ဂျ် ပို့တာမျိုးတွေ၊ ဖုန်းနဲ့ဆက်သွယ်ပြီး ပြောတာမျိုးလေးတွေ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင်နဲ့ သူမကို ပိုမိုစိတ်လှုပ်ရှားစေမှာဖြစ်ပြီး နောက်တစ်ခါ အတူနေချင်စိတ်များလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တကယ်အတူနေဖြစ်ကြတဲ့အချိန်မှာလည်း သင့်အတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

၂။ နမ်းရှုံ့နူးနှပ်တာတွေက မလုပ်မဖြစ်ပါ။

ယောင်္ကျားလေးတွေအတွက်ကတော့ နမ်းရှုံ့နူးနှပ်တာက အတူမနေခင်မှာ လုပ်ဆောင်တဲ့ ရှေ့ပြေးကိစ္စ သက်သက်ပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ နမ်းတာ၊ ကိုင်တွယ်တာ၊ တယုတယပွတ်သပ်ပေးတာ၊ ပါးစပ်နဲ့ ဒါမှမဟုတ် လက်နဲ့နှိုးဆွပေးတာတွေက တကယ်အတူနေတဲ့အခါမှာ ကိစ္စ မြန်မြန်ပြီးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပညာရှင်တွေက ပြောထားတာကတော့ အတူမနေခင်မှာ အနည်းဆုံး မိနစ်(၂၀)လောက်အထိ နူးနှပ်ပေးဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ ဒီလောက်နဲ့ မကျေနပ်သေးရင် နူးနှပ်နေတဲ့အချိန်မှာ လိင်ကိစ္စနဲ့ပတ်သက်တဲ့စကားတွေ သူမကို ဘယ်လိုဘယ်ပုံဆက်ဆံမယ့်အကြောင်းကို နားရွက်နားကပ်ပြီး ခပ်တိုးတိုးလေးပြောပေမယ့်ဆိုရင် သူမရဲ့ခံစားမှုတွေ အမြန်ဆုံးအထွဋ်အထိပ်ကို ရောက်ရှိသွားဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

၃။ အတွင်းရောအပြင်ရောလှုပ်ရှားပါ။

မိန်းကလေးအများစုက သာမန်ရိုးရိုးပုံစံတွေနဲ့ ဆက်ဆံနေရုံနဲ့ ကိစ္စပြီးခဲပါတယ်။ ဒါ့ကြောင့် ပုံမှန် အသွင်းအထုတ်လုပ်နေရင်းကပဲ သူမရဲ့အဓိကနေရာတွေကို နှိုးဆွမှုတွေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လက်ကိုအသုံးပြုပြီး သူမရဲ့မိန်းမကိုယ်ကို ဆွပေးတာမျိုး သူမကိုယ်တိုင်နှိုးဆွစေတာမျိုးတွေကို ဆိုလိုပါတယ်။ ဒါ့အပြင် မိန်းကလေးကို အပေါ်ကနေစေတဲ့ အနေအထားမျိုးကလည်း သူမရဲ့ခံစားမှုတွေကို အရှိန်မြှင့်တင်ပေး နိုင်တဲ့အတွက် မြန်မြန်ကိစ္စပြီးစေနိုင်မှာဖြစ်ပါတယ်။

၄။ အထောက်အကူပြုပစ္စည်းတစ်ခုခုသုံးပါ။

ယောင်္ကျားအင်္ဂါအတုတို့၊ တုန်ခါစက်တို့လို့ လိင်ဆက်ဆံရာမှာသုံးတဲ့ပစ္စည်းတွေကို သုံးတာက သူမရဲ့အဓိကနေရာတွေကို ခံစားမှုအရှိန်မြင့်တက်စေပြီး ကိစ္စမြန်မြန်ပြီးစေနိုင်ပါတယ်။ ဒီလို အထောက်အကူပြု ပစ္စည်းတွေကို အတူမနေခင် နူးနှပ်နေချိန်နဲ့ အတူနေချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။

Thorn Htet

]]>
5607
လိင်အင်္ဂါစွပ်ကွင်းတွေအကြောင်းသိကောင်းစရာများ https://www.tolimolishop.com/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%85%e1%80%bd%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/ Thu, 22 Jul 2021 13:28:49 +0000 https://www.tolimolishop.com/?p=5604 လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်ဆက်ဆံချိန်မှာ အသုံးပြုရတဲ့ Sex Toy တစ်ခု ဖြစ်ပါတယ်။ လိင်တံရဲ့ အရင်းမှာ စွပ်ရတာမျိုးရှိသလို၊ ဝှေးစေ့နှစ်လုံးကိုပါ ကျော်ပြီး ဆီးခုံရင်းထိ စွပ်တာမျိုးတွေလည်း ရှိပါတယ်။

လိင်တံစွပ်ကွင်းတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံချိန်မှာ အချိန်ကြာကြာပိုမိုစွမ်းဆောင်နိုင်ဖို့၊ သာယာမှုကို ပိုမိုခံစားရဖို့ပဲ ဖြစ်ပါတယ်။

မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်းတွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့ လိင်တံမာတောင့်စေဖို့ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဖို့ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်ရှူးတွေက ပိုမာပြီး ကြီးလာသလို လိင်တံထောင်မတ်ချိန် လည်း ပိုမိုကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းထားပေးနိုင်ပါတယ်။

လိင်တံစွပ်ကွင်း သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

၁။ လိင်တံထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်တယ်

လိင်စိတ် ဖြစ်နေတဲ့အချိန် လိင်အင်္ဂါတစ်ရှုးတွေထဲကို သွေးတွေအများကြီးစီးဝင်လာတာကြောင့် လိင်အင်္ဂါက ထောင်မတ်ကြီးထွားလာခြင်းဖြစ်ပါတယ်။ လိင်စိတ်ကျသွားတဲ့အခါ ခန္ဓာကိုယ်ထဲကို သွေးတွေပြန်စီးသွားတာကြောင့် ပျော့သွားပါတယ်။ ဒီလို လိင်အင်္ဂါအတွင်းက သွေးတွေ မြန်မြန်နဲ့ပြန်မစီးသွားအောင် လိင်အင်္ဂါစွပ်ကွင်းတွေက ညှစ်ထားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်တံထောင်မတ်ချိန်ကို ပိုမိုကြာမြင့်စေနိုင်ပြီး အချိန်ကြာကြာစွမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

၂။ သင့်ကို ယုံကြည်မှုရှိစေတယ်

လိင်အင်္ဂါစွပ်ကွင်းတွေက လိင်တံထောင်မတ်မှုနဲ့ပတ်သက်ပြီး သင့်ရဲ့ စိတ်ပူပန်မှုတွေကို လျော့နည်းသွားစေနိုင်တာကြောင့် အိပ်ရာထဲမှာ ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အချိန်တိုအတွင်း လိင်တံပျော့မသွားဘူးလို့ စိတ်ချနေနိုင်တာကြောင့်ပါ။

၃။ သုက်လွှတ်မမြန်အောင် ထိန်းထားပေးနိုင်တယ်

လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်တံနဲ့ ဥတွေရဲ့ အောက်ခြေအရင်းနေရာတဝိုက်ကို ညှစ်ထားပေးတာကြောင့် သုက်လွှတ်မမြန်အောင်လည်း ထိန်းထားပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် သုက်လွှတ်ချိန်မှာလည်း ပုံမှန်ထက်ပိုပြီး ပြင်းထန်သာယာတဲ့ ခံစားမှုကို ခံစားရနိုင်စေပါတယ်။

၄။ လိင်တံကို ပိုကြီးလာစေတယ်

လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်စိတ်နိုးထချိန်မှာ စီးဝင်လာတဲ့ သွေးတွေကို အလွယ်တကူပြန်လည်စီးဆင်းမသွားအောင် ညှစ်ထားပေးတာကြောင့် လိင်တံတစ်ရှုးတွေက ပိုမိုကြီးထွားလာပါတယ်။ ဒီလိုဖြစ်တာက သင့်ရဲ့ လိင်တံကို ပိုမိုကြီးမားစေသယောင် ထင်ရစေပါတယ်။

၅။ လိင်ဆက်ဆံဖော်ကို ပိုမိုကျေနပ်စေနိုင်တယ်

လိင်တံ ကြာကြာထောင်မတ်နိုင်တာ၊ သုက်လွှတ်မမြန်တာတွေက သင့်ပါတနာကို ပိုမိုကျေနပ်မှုပေးနိုင်မယ်ဆိုတာ သေချာပါတယ်။

လိင်တံစွပ်ကွင်းကို ဘယ်လိုအသုံးပြုကြမလဲ။

လိင်တံပျော့နေတဲ့အချိန်မှာ ခေါင်းကနေ တစ်ဆင့် ဖြည်းဖြည်းချင်း အနောက်ကို ဆွဲသွင်းရပါမယ်။ လိင်တံကိုပဲ စွပ်မယ်ဆိုရင်တော့ ပြဿနာမဟုတ်ပေမဲ့ ဝှေးစေ့တွေကိုပါ ထည့်စွပ်မယ်ဆိုရင်တော့ အရင်ဆုံး ဝှေးစေ့တစ်လုံးကို ကွင်းထဲထည့်ပြီးမှ နောက်တစ်လုံးကို ထည့်ရမှာပါ။ ပြီးသွားတော့မှ ပျော့နေတဲ့ လိင်တံကို အနည်းငယ်ကွေးညွတ်ပြီးမှ ဖြည်းဖြည်းချင်း ကွင်းထဲကို ထည့်ပါ။ အကုန်လုံး ကွင်းထဲဝင်သွားပြီဆိုရင် ကပ္ပါယ်အိတ်အနောက်နဲ့ လိင်တံအရင်းထိပ်မှာ ကွင်းကို သေချာစွာ တပ်ဆင်ရပါမယ်။

ချောင်ချောင်ချိချိနဲ့ စွပ်လို့လွယ်ကူအောင် ချောဆီနည်းနည်းစွတ်ပြီးမှ ကွင်းထဲသွင်းတာ ပိုကောင်းပါတယ်။ စွပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ ကွင်းရဲ့ အရွယ်အစားက တော်တော်လေး အရေးပါပါတယ်။ အကယ်လို့ ကိုယ်က ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ကွင်းမစွပ်ခင် အရင်ဆုံး ကွန်ဒုံးကို စွပ်ထားဖို့တော့ လိုပါတယ်။ ကွန်ဒုံးနဲ့ လိင်တံစွပ်ကွင်း ငြိမနေစေဖို့ သတိထားပေးပါ။ အရေးကြီးတာက လိင်တံစွပ်ကွင်းကို တစ်ခါအသုံးပြုရင် နာရီဝက်ထက် ပိုမကြာဖို့ပါပဲ။ အစပိုင်း ကိုယ်က သုံးကျင့်မရှိသေးရင် နှိုးစက်နဲ့ အချိန်လုပ်ပေးထားတာ ပိုကောင်းပါတယ်။ လိင်တံစွပ်ကွင်း စွပ်လျက်နဲ့ အိပ်ပျော်မသွားစေဖို့လည်း ကူညီပေးရာရောက်ပါတယ်။

လိင်တံစွပ်ကွင်းတွေက စိတ်ချရရဲ့လား??

များသောအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် အချက်တွေကိုတော့ လိုက်နာဖို့ လိုပါတယ်။

၁။ ကိုက်ညီတဲ့ အရွယ်အစားကို ရွေးချယ်ပါကွန်ဒုံးဝယ်သလိုပါပဲ။

လိင်တံစွပ်ကွင်းကို ဝယ်တော့မယ်ဆိုရင် ကိုယ့်ပစ္စည်းနဲ့ ကိုက်ညီမယ့် အရွယ်အစားကို ရွေးဝယ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အရွယ်အစားကို တိုင်းဖို့အတွက် လိင်တံပျော့နေချိန်မှာ အရင်းပတ်ပတ်လည်ကို ကြိုးအမျှင်သေးသေးလေးနဲ့ စွပ်ပြီး အမှတ်မှတ်ထားလို့ ရပါတယ်။ ဒါမှမဟုတ် အလွယ်တကူ ချုံ့၊ ချဲ့လို့ရတဲ့ အပျော့စားကွင်းတွေ ရွေးလို့လည်း အဆင်ပြေပါတယ်။

၂။ မိနစ် ၂၀ ဝတ်ပြီး ချွတ်ပါ

ဒီအချက်က အရေးကြီးပါတယ်။ လိင်အင်္ဂါစွပ်ကွင်းတွေကို အချိန်ကြာကြာဝတ်ထားမယ်ဆိုရင် လိင်တံကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ထုံကျင်တာ၊ နာကျင်တာ၊ အရေပြားအရောင်ပြောင်းတာတွေ ဖြစ်လာရင် ချက်ချင်းချွတ်ဖို့ လိုပါတယ်။ လိင်အင်္ဂါစွပ်ကွင်းသုံးမယ်ဆိုရင် မိနစ် ၂၀ – နာရီဝက်ထက် ပိုပြီးဝတ်မထားမိအောင် ဂရုစိုက်ပါ။

၃။ ဆီးခုံမွှေးကို ရှင်းထားပါ

လိင်အင်္ဂါစွပ်ကွင်းသုံးမယ်ဆိုရင် ဆီးခုံမွှေးက ပြဿနာဖြစ်လာနိုင်ပါတယ်။ စွပ်ကွင်းကို ချွတ်ချိန်မှာ ဆီးခုံမွှေးတွေ ညပ်ပြီး နာကျင်မှုမဖြစ်ရအောင် ဂရုစိုက်ဖို့ လိုပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

]]>
5604
သူမစိတ်ပါလာအောင် ဘယ်လိုပြုစုမလဲ https://www.tolimolishop.com/%e1%80%9e%e1%80%b0%e1%80%99%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%ab%e1%80%9c%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af/ Sat, 08 May 2021 14:53:34 +0000 https://www.tolimolishop.com/?p=4860 မိန်းမတစ်ယောက်ဟာလဲ အိပ်ရာထဲမှာ အရမ်းစိတ်ကြွတတ်ပါတယ်။ ဒါပေမယ့် သူမအရမ်း ကောင်းကောင်းခံစားနေရမှပါ။ သင်သာ သူမကို အတတ်နိုင်ဆုံး စိတ်ကြွအောင် လုပ်ပေးခဲ့နိုင်ရင်တော့ သင်တို့ ပြန်ရမဲ့ Sex ကိစ္စဟာ အံ့ဩလောက်အောင် Hot နေမှာပါ။ ကျွန်တော်တို့ ပုရိသတွေကတော့ စိတ်ထလွယ်ပေမယ့် အမျိုးသမီးတွေကတော့ ကွဲပြားခြားနားပြီး ပိုခက်ခဲတဲ့လှုံ့ဆော်မှုမျိုး လိုပါတယ်။
အောက်ဖော်ပြပါ နည်းစနစ်တွေနဲ့ ကြိုးစားကြည့်ပါ

၁. ဖြည်းဖြည်း လုပ်ပါ

ချက်ခြင်းကြီး အဓိကကို တန်းမသွားပါနဲ့။ သူမကို အရင် ပြုစုပေးပါ။ သင် အဓိကကို သွားချင်နေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် သင် သူမရဲ့ စိတ်ကို ဖွင့်လှစ်နိုင်ဖို့ ဖြည်းဖြည်းမှန်မှန် နိဒါန်းပျိူးပေးရမှာပါ။ သူမရဲ့ လက်မောင်း၊ လည်ပင်း၊ ဝမ်းဗိုက်၊ ဆံပင်၊ မျက်နှာလေးတွေကို ထိတို့ပေးချင်းဖြင့် စတင်ပါ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပါ။ သူမ စောင့်နေရတာ စိတ်ကြွလွန်းလို့ အချိန်ရောက်တာနဲ့ သင့်ပေါ် ခုန်တက်လာပါလိမ့်မယ်။

၂. အမြည်းပေးပါ

သူမကို သင် နောက်ကျရင် ဘာတွေလုပ်မှာလဲဆိုတာကို အမြည်းလေးတွေ ပေးပါ။ ဘယ်ချိန် ရပ်ရမလဲဆိုတာတော့ သိမယ်ထင်ပါတယ်။ သူမရဲ့ ပန်းဖူးလေးကို တို့ထိရုံလေးပဲ ကစားပါ။ တခြားဘာမှ မလုပ်ပါနဲ့။ သူမက သင့်ကို ရှေ့ဆက်တိုးဖို့ အမူအရာတွေ ပေးပါလိမ့်မယ်။ ဒါပေမယ့် မတိုးပါနဲ့။ သူမ ကြာကြာစောင့်ရလေ၊ စိတ်ကြွလေပါ။ အကြာကြီးလဲ စောင့်ခိုင်းမထားပါနဲ့ဦး။

၃. နမ်းတတ်ပါစေ

သင့်အနမ်းက နူးညံ့လေလေ ရိုမန်တစ် ပိုဆန်လေလေပါ။ အဲဒါဟာ သူမကို စိတ်ပါလာအောင် နွှေးပေးပါလိမ့်မယ်။ ပြီးတော့ သူမ သင့်ကို ပိုချစ်သွားပါလိမ့်မယ်။ သင်က သူမကို တန်ဖိုးထားတာလဲ သိသွားပါလိမ့်မယ်။ သင့်ကိုလဲ တန်ဖိုးထားပါလိမ့်မယ်။

၄. ချီပိုးပါ

သူမကို နံရံနဲ့ကပ်ထားပြီး သူမတင်ပါးလေးတွေကနေ မရင်း သူမခြေထောက်တွေကို သင့်ခါးကို ဖက်ထားခိုင်းပါ။ သူမနဲ့ ဆက်ဆံရင်း ခဏရပ်၊ သူမမျက်လုံးတွေထဲ စိုက်ကြည့်လိုက်ပါ။ ပြီးတော့ ဆက်ပြီး ဆက်ဆံပါ။

၅. စိတ်ကြွစရာ ပြောပြပါ

သင့်ချစ်သူလေးက စိတ်ကြွစရာတွေ ကြားရတာ ကြိုက်ပါတယ်။ နှုတ်ယဉ်ကျေးမှုဆိုတာ အိပ်ခန်းထဲမှာ အကျုံးမဝင်ပါဘူး။ ဆဲဆိုတော့ မနေပါနဲ့။ သင် သူမကို နည်းနည်း ညစ်တီးညစ်ပါတ်ဆန်တာတွေ မေးလို့ရပါတယ်။ ဥပမာ– ဘယ်လို ခံစားရလဲ၊ လိုချင်သေးလား ဆိုတာတွေပါ။ သင် သူမကို ဘာလုပ်မယ်ဆိုတာလဲ နားနားကပ်ပြီး သေချာ သရုပ်ပေါ်အောင် ပြောပြပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်လုံး လိင်ကိစ္စမှာ အကျွမ်းဝင်ပြီး သူမလဲ လိုချင်မှ အဲလိုတွေပြောပါ။ ရှက်ကြောက်နေတဲ့သူကို သွားပြောရင်တော့ သူမ ငိုသွားပါလိမ့်မယ်။

၆. မှန်းဆရ ခက်နေပါစေ

သူမ မှန်းရခက်အောင် လုပ်ပြီး သူမကို Surprise လုပ်ပါ။ သင် လုပ်မယ် လှုပ်ရှားမှုတိုင်းကို သူမ ခန့်မှန်းနေရပါစေ။ ခု လှုပ်ရှားမှုမှာ နူးညံ့ရင် နောက်တစ်ခုကို မှန်းဆမရအောင် လုပ်ပါ။ သူမကို ကုတင်ပေါ်ပစ်လှဲပါ။ သူမအပေါ်အင်္ကျီ ချွတ်လိုက်ပါ။ သူမ လည်တိုင်နဲ့ ရင်သားလေးကို နမ်းပါ။ သင်ဘာလုပ်မယ်ဆိုတာ မှန်းနေရတာ သူမကြိုက်ပါတယ်။
သင် ဒီအခြေခံလေးတွေကို သိရင်တော့ သူမ ပြီးဆုံးဖို့ တစ်ဝက်လောက်ပဲ လိုတဲ့ အခြေအနေကို ရောက်ပြီး သင့်ကို ဆက်လုပ်ဖို့ တောင်းပန်နေလောက်ပါပြီ။

Credit to Gentleman Magazine

]]>
4860
ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့ https://www.tolimolishop.com/%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%92%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8/ Thu, 21 Jan 2021 11:15:40 +0000 https://www.tolimolishop.com/?p=4253 ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။

ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။

ကွန်ဒုံးကို ဘယ်လို ထိန်းသိမ်းမလဲ
ကွန်ဒုံးကို ကြိုတင်ဝယ်ယူ ဆောင်ထားရင်တော့ ကိုယ်စိတ်ပါတဲ့အချိန် ထပြီး သွားလို့ရတယ်မဟုတ်လား။ ဒီတော့ ကြိုတင်ဆောင်ထားတာက မမှားတဲ့ နည်းလမ်းတစ်ခုပါ။

ဒါပေမယ့် ကွန်ဒုံးကြီးတော့ ဝယ်လိုက်ပြီထားတော့။ ဒီပစ္စည်းဆိုတာမျိုးက သူခိုးရွှေရ တပြပြလုပ်နေလို့ကလည်း မရပြန်ဘူး။ လူအမြင်မတော်ဘူးလို့ အများစုက ယူဆထားကြတာကိုး။ ဒါပေမယ့်လည်း လိုအပ်တော့ ကြုံရင်ဆုံရင် ဝယ်မိတာမျိုးကလည်း ရှိနိုင်တယ်။

ဒီတော့ ဝယ်ထားပြီးရင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ နည်းနာက လိုအပ်လာပါပြီ။ ကဲ … ကွန်ဒုံးလေးတွေကို ဘယ်လိုသိမ်းကြမလဲ။ အောက်ကနည်းလမ်းတွေကို လိုက်နာပြီး သိမ်းဆည်းနိုင်ပါတယ်။

DO – အသုံးမပြုသေးဘူးဆိုရင် အတန်ငယ် အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။
DO – သယ်ဆောင်သွားလာရင် သေးငယ် ပေါ့ပါးတဲ့ အိတ်တွေထဲမှာ ထည့်ပြီး သယ်ဆောင်သွားပါ
DO – အပိုအမြဲဆောင်ထားပါ၊ ရက်လွန်တာ၊ ပေါက်ပြဲတာဖြစ်နိုင်တာကြောင့် အပိုဆောင်ထားသင့်ပါတယ်။
DO – ကွန်ဒုံးရဲ့ ထုတ်ပိုးအိတ်ကို မကြာခဏ စမ်းကြည့်ပါ။ ကွန်ဒုံးပျက်စီးနေတာဟုတ်မဟုတ် သိနိုင်အောင်လို့ပါ။
Do – ကျောပိုးအိတ်၊ အင်္ကျီအိတ်၊ ဘေးလွယ်အိတ်၊ ကွန်ပျူတာအိတ်လိုအရာတွေထဲမှာ သေချာသယ်ဆောင်ပါ။
Do – လေလုံဘူးနဲ့ ထည့်သိမ်းပါ။
DON’T – အေးလွန်း၊ ပူလွန်းတဲ့နေရာတွေမှာ မထားပါနဲ့။
DON’T – ချွန်ထက်တဲ့အရာတွေနဲ့ အတူတွဲမထားပါနဲ့။ ထိုးမိ ဖောက်မိတာတွေဖြစ်နေနိုင်ပါတယ်။
DON’T – ပိုက်ဆံအိတ်၊ နောက်အိတ်တွေထဲမှာ ထည့်ပြီး မသယ်ပါနဲ့။ ထွက်ကျတာတွေ၊ ပျောက်ဆုံးတာတွေ ဖြစ်နိုင်တာကြောင့်ပါ။
DON’T – နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့မိနိုင်တဲ့ နေရာမှာထားပါ။ UV ဟာ နာရီပိုင်းအတွင်း ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။
သိမ်းဆည်းရာနေရာရဲ့ စိုထိုင်းစ၊ အပူချိန်၊ ရေငွေ့နဲ့ ဖလူရက်ဆန့်စ်တွေကြောင့်လည်း ကွန်ဒုံးပျက်စီးနိုင်တာကို သိထားပါ။
DON’T – မော်တော်ကားလို အပူချိန် မတည်ငြိမ်တဲ့ ယာဉ်တွေထဲမှာ မသိမ်းပါနဲ့။
DON’T – ရေခဲသေတ္တာလို နေရာတွေမှာ ထည့်မသိမ်းပါနဲ့။
DON’T – ပြတင်းပေါက်နဲ့ နီးတဲ့နေရာတွေမှ မထားပါနဲ့။ နေရောင်တိုက်ရိုက် ကျနိုင်လို့ပါ။
မှန်မှန်ကန်ကန် ဘယ်လိုသုံးကြမလဲ
ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။

စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

ဒါကြောင့် ကွန်ဒုံးကို သေချာသိမ်းဆည်းရုံတင်မက မှန်မှန်ကန်ကန်လည်း အသုံးပြုဖို့ လိုအပ်လှပါတယ်။ ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ။ အောက်မှာ လေ့လာကြည့်ပါ။

ကွန်ဒုံးဖောက်တဲ့အခါ ကွန်ဒုံးမပေါက်သွားပါစေနဲ့။ ကတ်ကြေးနဲ့ ညှပ်တာ၊ သွားနဲ့ ကိုက်ဖောက်တာ၊ ချွန်ထက်တဲ့ အရာနဲ့ ထိုးတာမျိုး မလုပ်ပါနဲ့။
ကွန်ဒုံးက ကျွတ်ဆပ်နေမယ်၊ မာတောင့်တောင့်ဖြစ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်ဆိုရင် မသုံးပါနဲ့။
သက်တမ်းကုန်နေရင် မသုံးပါနဲ့။
ကိုယ်ရဲ့ အဖော်ဖြစ်သူနဲ့ မထိတွေ့ခင် ကိုယ့်ရဲ့အင်္ဂါ ထောင်မတ်နေချိန်မှာ ကွန်ဒုံးကိုတပ်ဆင်ပါ။
အစကနေ အဆုံးထိ ကွန်ဒုံးတပ်ဆင်လျက်သားဖြစ်နေပါစေ။
အကြိမ်တိုင်းအတွက် အသစ်တစ်ခုကို ထပ်မံသုံးပါ။
တကယ်လို့ ကွန်ဒုံးရှေ့ပိုင်းမှာ အစွပ်သေးသေးလေးမရှိရင် သုက်ထွက်လာရင် စုထားနိုင်အောင်လို့ လက်မဝက်လောက် ထိပ်မှာ ချန်ထားပါ။
လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ခြင်းရပ်ပြီး အဟောင်းကိုချွတ်ကာ ကွန်ဒုံးအသစ်ကို ဝတ်ဆင်ပါ။
သုတ်လွှတ်ပြီး လိင်တံမပျော့ပြောင်းသွားခင်မှာ ကွန်ဒုံးမကျွတ်ထွက်သွားစေပဲ ဂရုစိုက်ကာ ဆွဲထုတ်ပါ။
ထုတ်တဲ့အချိန်မှာလည်း သုတ်များမလျှံထွက်အောင် ဂရုတစိုက်ဆွဲထုတ်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

]]>
4253
ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက် https://www.tolimolishop.com/%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%92%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%9a%e1%80%ba%e1%81%8a-%e1%80%85%e1%80%ad/ Thu, 21 Jan 2021 10:04:50 +0000 https://www.tolimolishop.com/?p=4249 အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။ မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။

ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။

(၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။
ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို မစွပ်ခင်မှာ ချောဆီထည့်လိုက်ခြင်းဟာစိတ်ကျေနပ်မှုရစေမှာပါ။ ရေကိုအခြေခံပြုလုပ်ထားတဲ့ (water based lubricant) ကို ကွန်ဒုံးထိပ်က နေရာလွတ်သေးသေးလေးထဲသို့ တစ်စက် (သို့မဟုတ်) နှစ်စက်လောက်ချလိုက်ပါ။ ဒီထက်ပိုလို့တော့မကောင်းပါဘူး။ အရမ်းများနေရင်ချောပြီး ကျွတ်ကျသွားနိုင်ပါတယ်။ ကွန်ဒုံးထိပ်ကချောဆီဟာ လိင်တံရဲ့ထိပ်ဖျားကို လာလာထိပြီး ခံစားမှုရသတစ်ခုကို ထပ်မံပေးစွမ်းလို့ပါ။ ကိုယ်ထည်ကလိင်အင်္ဂါအရွယ်အစားနဲ့တော်ပြီး ထိပ်ကအိတ်လေး(နေရာလွတ်)က ပိုကြီးရင် ပိုကောင်းပါတယ်။ အချို့သောအမျိုးသားတွေကတော့ ဒီနည်းလမ်းဟာ ကွန်ဒုံးမပါဘဲ သဘာဝအတိုင်းဆက်ဆံတာထက် ပိုကောင်းတယ်လို့တောင် ဆိုထားကြပါသေးတယ်။

(၂) မတူညီတဲ့ကွန်ဒုံးအမျိုးအစားကိုရွေးချယ်လိုက်ပါ။
ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခဲ့တဲ့အရင်ကအတွေ့အကြုံတွေမှာဘာလို့စိတ်ကျေနပ်မှုမရခဲ့တာလဲ။

ထူထဲတဲ့ ကွန်ဒုံးတွေသုံးခဲ့လို့လား။ ဒါဆိုရင်တော့ အဖြေရှိပြီးသားပါ။ ယနေ့ခေတ်မှာပါးလွှာပြီး ချောဆီများစွာပါဝင်တဲ့ ကွန်ဒုံးဒီဇိုင်းတွေရှိနေပါပြီနော်။ ချောဆီဟာလည်း ကွန်ဒုံးအပြင်မှာရော အတွင်းမှာပါ ပါနေတာမို့ခံစားမှုကို တစ်မျိုးလေးဆန်းသစ်စေမှာပါ။ တချို့ကွန်ဒုံးတွေဆို လိင်တံအတွက် တင်းကြပ်မနေဘဲ လျော့တိလျော့ရဲလေးမို့ ကွန်ဒုံးနေရာလွတ်အတွင်းမှာ လိင်တံဟာ ရွေ့လျားနေပြီး ခံစားမှုပိုကောင်းစေနိုင်ပါတယ်။ အချို့သော ချောဆီတွေမှာဆို ပူနိုင်အေးနိုင်တဲ့ ခံစားမှုအဆန်းလေးတွေပါ ပေးစွမ်းနိုင်အောင် ထုတ်လုပ်ထားပါတယ်။ ကဲ အလွှာမခြား သဘာဝအလား ကွန်ဒုံးလေးတွေကို စမ်းသပ်ကြည့်ရအောင်။

(၃) အတိတ်ဆိုးတွေကိုမေ့ပျောက်လိုက်ပါ။
အတိတ်ဆိုးလို့ဆိုတဲ့နေရာမှာ လိင်မှုရေးရာအတိတ်ဆိုးလို့ဆိုရမှာပါ။ အရင်က လိင်ဆက်ဆံမှုတွေမှာ ကွန်ဒုံးသုံးခဲ့ဖူးမှာပါ။ အခန့်မသင့်လို့ ကွန်ဒုံးဟာအရမ်းကြပ်နေတာမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာရှိနိုင်သလို ကွန်ဒုံးမှာပါတဲ့ချောဆီနဲ့ ဓာတ်မတည့်တာမျိုးလည်း ရှိခဲ့နိုင်ပါတယ်။ ဘယ်လိုပဲ မကောင်းတဲ့အကြောင်းအရာဖြစ်နေပါစေ၊ မေ့ပစ်လိုက်ပါ။ မိမိနဲ့သင့်တော်တဲ့ကွန်ဒုံး အမျိုးအစားကို ထပ်မံကြိုးစားရွေးချယ်ပါ။

သင်ကွန်ဒုံးသုံးနေရခြင်းရဲ့ ရည်ရွယ်ချက်ကောင်းကို ပြန်အမှတ်ရပါ။ သင်ရော၊ သင့်ပါတနာမှာပါ မလိုချင်သေးတဲ့ကိုယ်ဝန်မရလာဖို့ရယ်နဲ့ လိင်ကနေကူးစက်ရောဂါတွေမရဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို အမြဲသတိရနေပါစေ။ အဆိုးမြင်ခြင်းတွေကင်းဝေးနေလေလေ၊ မိမိကိုယ်ကိုယုံကြည်မှု ပိုရှိနေလေလေ လိင်ဆက်ဆံခြင်းကတစ်ဆင့် ပိုမိုသာယာခြင်းတွေ ပေးစွမ်းနိုင်လေလေဖြစ်ပါတယ်။

(၄) သဘောထားကိုပြောင်းလဲလိုက်ပါ။
လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ခံစားမှုဟာ စိတ်ကဖြစ်လာတာပါ။ လိင်ဆက်ဆံတဲ့ ခံစားမှုအပေါ်ကိုထားတဲ့ မိမိရဲ့ခံယူချက်ကို ပြောင်းလဲလိုက်ပါ။ လိင်ဆက်ဆံနေစဉ် အစိတ်အပိုင်း၊ အခြေအနေမျိုးစုံရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်ခြိုက်သဘောကျတာချင်း မတူကြပါဘူး။

ကွန်ဒုံးစွပ်ပြီးဆက်ဆံရင် ခံစားမှုအပြည့်အဝမပေးနိုင်ဘူး ဆိုတဲ့မိမိခံယူချက်ကို ပြင်ဆင်လိုက်ပါ။ လိင်ဆက်ဆံတဲ့အခါ ဘယ်လိုမျိုးတင်းကြပ်ဖိစီးမှုမျိုးကိုမှ စိတ်ထဲမထားဘဲ တစ်ကိုယ်လုံး ဖြေလျှော့ကာ အနူးညံ့ဆုံးဆိုတဲ့နည်းနဲ့ ဆက်ဆံကြည့်ပါ။ မိမိခံစားမှုတွေပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။

တကယ်တော့ ကွန်ဒုံးဆိုတာ လိင်မှုရေးရာမှာ မပါမဖြစ်ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတေွကို ကာကွယ်ပေးနိုင်သလို မလိုချင်တဲ့ကိုယ်ဝန်ကိုလည်း တားဆီးပေးနိုင်တာမို့ ကိုယ်ဝန်ဖျက်ချခြင်းအန္တရာယ်တွေကိုပါ တစ်ပါတည်းကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ကွန်ဒုံးသုံးရမှာကို ကြောက်နေတတ်ကြသလို မနှစ်ခြိုက်တတ်ကြတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ အထက်ပါနည်းလမ်းတွေရဲ့ အကူအညီနဲ့ ကွန်ဒုံးသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကျိုးပြုစေရန် ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ- ဒေါက်တာမှူးခင်

]]>
4249