လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ
Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုးခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toyတွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။ ၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။ တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊…
Read More . . .