knowledge

လိင်အင်္ဂါ အမျိုးအစားပေါင်းစုံနဲ့ အကောင်းဆုံး ဆက်ဆံပုံအနေအထားများ

ဒီဆောင်းပါးဟာ ယောက်ျားလေးတွေအတွက် လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဓိက ရည်ရွယ် ရေးသားတဲ့ ဆောင်းပါးဖြစ်တာကြောင့် မိန်းကလေးများ၊ လူကြီးများနဲ့ အသက်မပြည့်သေးသော သူများရှိရင် ကျော်သွားကြဖို့ အရင်ဆုံး ပန်ကြားလိုပါတယ်ခင်ဗျ။

ယောက်ျားလေးများ သိထားသင့်တဲ့ လိင်အင်္ဂါအကြောင်း

လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခန္ဓာ အချိုးအစား မတူညီကြသလို ယောက်ျားလေးတွေမှာလည်း လိင်အင်္ဂါ အရွယ်အစား၊ ပုံစံ အနေအထား လုံးဝမတူကြပါဘူး။ ဒီအတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ ငယ်ပါ အနေအထားပေါ် မူတည်ပြီး ကိုယ်ရော ကိုယ့်ရဲ့ ဆက်ဆံဖော်အတွက်ပါ စိတ်ကျေနပ်မှု ရစေမယ့် အချက်တစ်ချို့ကို သိထားဖို့ အရေးကြီးပါတယ်။ တစ်ဆက်တည်းမှာပဲ အရွယ်အစားနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း အားမလိုအားမရ ဖြစ်တဲ့ စိတ် မဝင်စေဖို့ ထပ်ပြီး မှာကြားချင်ပါတယ်။ ၈၀ ရာခိုင်နှုန်းသော အမျိုးသမီးများဟာ အမျိုးသားများရဲ့ လိင်တံအရွယ်အစားထက် စွမ်းဆောင်ရည်၊ သက်လုံကောင်းမှုကိုသာ သဘောကျတတ်ကြပါတယ်။ ဒီအတွက် ကိုယ်က သူများထက် သေးလို့လည်း ကြိတ်ပြီး အားငယ်မနေပါနဲ့နော်။

လိင်တံ အမျိုးအစားများ

အရင်ဆုံး ပြောပြပေးချင်တာကတော့ အမျိုးသား လိင်တံရဲ့ ပုံစံအနေအထား အကြောင်းပါ။ အဓိက အတွေ့များတဲ့ ပုံစံတွေကတော့

• အပေါ်ကို ကောက်ခြင်း (Curved Upward)
• အောက်ကို ကောက်နေခြင်း (Curved Downward)
• ဘေးကို ကွေးနေခြင်း (C-Shaped)
• အဖြောင့်အတိုင်း (Straight)
• အရင်းကြီး အဖျားသေး (Large Base with Narrow Head)
• အဖျားကြီး အရင်းသေး (Narrow Base with Larger Head) ဆိုပြီး ၆ မျိုး ရှိပါတယ်။

၁။ အပေါ်ကို ကောက်တဲ့ ပုံစံဆိုတာ ငှက်ပျောသီးကို အတည့်အတိုင်း ထားတဲ့ “ ပ” ပုံစံမျိုးပါ။ ထောင်မတ်နေချိန်မှာသာ ကောက်နေကြောင်းကို သိနိုင်ပြီး ပျော့နိုင်တဲ့အချိန်မှာ ဘယ်လို ပုံစံရှိနိုင်လဲဆိုတာ မသိနိုင်ပါဘူး။ ဆက်ဆံသူရဲ့ G-Spot လို့ ခေါ်တဲ့ အထွတ်အထိပ်ရောက်စေတဲ့ ချက်ကောင်းနေရာကို အကောင်းဆုံးထိနိုင်တဲ့ လိင်တံပုံစံလို့လည်း ဆိုကြပါတယ်။ အပေါ်ကို ကောက်နေတဲ့အတွက် ဆက်ဆံတဲ့အခါ လိင်တံအဖျားကို အောက်သို့ နည်းနည်းနှိမ့်ပြီး ထိုးသွင်းဆက်ဆံပါ။ ရိုးရိုး လှေကြီးထိုးသလို ပက်လက်အနေအထားကတော့ အကောင်းဆုံးပါပဲ။ အားအရမ်း သုံးရင်တော့ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။

၂။ အောက်ကို ကောက်တာကတော့ ငှက်ပျောသီး ပြောင်းပြန်အနေအထား “ ဂ” ပုံစံမျိုးပါ။ ထောင်မတ်နေချိန်မှာသာ လိင်တံရဲ့ အနေအထားအမှန်ကို သိနိုင်ပါတယ်။ အောက်ကို ကောက်နေတာဖြစ်တဲ့အတွက် ထိုးသွင်းတဲ့အခါ လိင်တံကို အပေါ်နည်းနည်း မတင်ပြီး ဖြည်းဖြည်းချင်းသာ ထိုးသွင်းသင့်ပါတယ်။ ဆက်ဆံခံသူက အပေါ်မှ မျက်နှာချင်းဆိုင် အနေအထားနဲ့ အောက်ကို ထိုင်ချတဲ့ Position တော့ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်။

၃။ C-Shaped ကတော့ ဘေးတစ်စောင်းပါ။ များသောအားဖြင့် ညာဘက်ကို စောင်းတတ်ကြပါတယ်။ အပေါ်က ထိုင်တဲ့ Position ဆိုရင်တော့ လိင်တံကို နည်းနည်း ဂရုစိုက် ညှိပေးပြီးမှ ထိုင်သင့်ပါတယ်။ ဆက်ဆံခံရသူ အနေနဲ့ အကောင်းဆုံးကတော့ ရင်ချ တင်ထောင်တဲ့ Position နဲ့ ပက်လက်အနေအထားမျိုးမှာမှ ခြေထောက်ကို ထိုးသွင်းမယ့် အမျိုးသားရဲ့ တင် သို့မဟုတ် ပုခုံးမှာ ချိတ်ထမ်းတဲ့ Position မျိုးဆို ပိုအဆင်ပြေနိုင်ပါတယ်။

၄။ အဖြောင့်အတိုင်း သွားတဲ့ လိင်တံမျိုးသည် အရင်းရော အဖျားပါ လုံးပတ်အရွယ်အစား တူပြီး ဆက်ဆံပုံ အမျိုးအစားနဲ့ ဆက်ဆံလို့ ရသလို အနှေး အပျော့ အကြမ်း ကိုယ်လိုသလို အသုံးချနိုင်ပါတယ်။ ကိုယ့်ဆက်ဆံဖော်အတွက် ကာမသုခ ပိုရနိုင်တဲ့ Position ကို လိုက်လျောပြီး ဆက်ဆံရင်တော့ အကောင်းဆုံးပဲပေါ့။

၅။ မုန်လာဥနီလိုမျိုး အရင်းကြီး အဖျားသေးတဲ့ လိင်တံအရွယ်အစား ရှိသူအနေနဲ့ ဝင်ကာစမှာ အရမ်း လွယ်ကူသလောက် အဆုံးထိ သွင်းရာမှာ အနည်းငယ် အခက်အခဲ တွေ့နိုင်ပါတယ်။ ဒါကြောင့် ထိုးသွင်းကာစမှာ ထိပ်ကို ချောဆီနည်းနည်း သုတ်လိမ်းပြီး တစ်ဝက်ထိ ထိုးသွင်းကာ ဆက်ဆံဖော်ရဲ့ ကာမစိတ်ကို နှိုးဆွလို့ ရပါတယ်။ အချိန်နည်းနည်း ကြာသွားလို့ အဝင်အထွက် ချောသွားပြီဆိုရင် စိတ်တိုင်းကျ ကြမ်းနိုင်ပါတယ်။

၆။ မှိုပုံစံလိုလည်း လူသိများတဲ့ အဖျားကြီး အရင်းသေးတဲ့ ပုံစံမျိုးက စစချင်း ထိုးသွင်းတဲ့ တစ်ချိန်မှာ ဆက်ဆံခံသူအနေနဲ့ အနည်းငယ် နာကျင်နိုင်ပါတယ်။ မိန်းမကိုယ်၊ စအိုဝကို ကျယ်ကျယ် ဖွင့်ဟပေးထားမယ့် ပက်လက်အနေအထားမျိုးကို ချောဆီနဲ့ စတာက အကောင်းဆုံး ဖြစ်မှာပါ။

လိင်တံအရွယ်အစားနဲ့ ပတ်သက်လာရင်

• ပုံမှန်ထက် အရွယ်အစား သေးတာ
• လုံးပတ်ကြီးပြီး တိုနေတာ
• ပုံမှန် အရွယ်အစား
• အရွယ်အစား၊ လုံးပတ် ကြီးတာ
• လုံးပတ်သေးပြီး ရှည်တာ ဆိုပြီး ခွဲလို့ ရပါတယ်။

၁။ လုံးပတ်ကော အရှည်ကော သေးတဲ့ အမျိုးသားတွေအနေနဲ့ ဆက်ဆံဖော်ကို ကောင်းမွန်တဲ့ ကာမသုခ ပေးစွမ်းနိုင်ဖို့ လေးဖက်ထောက် Doggy ပုံစံမျိုး၊ ဆက်ဆံဖော်က တင်ထောင် ခြေထောက်အောက်ပစ် အနေအထားနဲ့ အပေါ်က ဆက်ဆံတဲ့ ပုံစံမျိုးကို ရွေးချယ်နိုင်ပါတယ်။

၂။ လုံးပတ်ကြီးပြီး သိပ်မရှည်တဲ့ အမျိုးသားတွေကတော့ ချောဆီကို များများ သုံးဖို့ အရေးကြီးပါတယ်။ အစပိုင်းမှာ ဖြည်းဖြည်းချင်းပဲ ဆက်ဆံပြီးနောက်မှ လေးဘက်ထောက် အနေအထား၊ မျက်နှာကို ကြမ်းပြင်ပေါ် မှောက်လျက် ခြေပဆစ်တုပ်ထိုင်တဲ့ အနေအထားမျိုးနဲ့ ဆက်ဆံနိုင်ပါတယ်။

၃။ ပုံမှန်အရွယ်အစား ရှိသူအတွက် ကိုယ်တိုင်ရော ကိုယ့်ဆက်ဆံဖော်ပါ ကာမသုခ အကောင်းဆုံး ဖြစ်စေမယ့် ပုံစံမျိုးစုံနဲ့ ဆက်ဆံလို့ ရပါတယ်။

၄။ ပုံမှန်ထက် အရွယ်အစား လုံးပတ်ကြီးတဲ့ အမျိုးသားတွေလည်း ချောဆီကို နိုင်နိုင်သုံးဖို့ လိုပါတယ်။ စစချင်းမှာ ကိုယ့်ဆက်ဆံဖော်အတွက် နေရထိုင်ရ သက်သာစေမယ့် ပက်လက်၊ ဘေးတစ်စောင်း ပုံစံမျိုးနဲ့ စတင်နိုင်ပါတယ်။

၅။ လုံးပတ် ရှည်ပြီး သေးတဲ့သူတွေအတွက်တော့ အဝင်အထွက်မှာ သိပ်ပြီး ပြဿနာမရှိပေမဲ့ အားအရမ်း သုံးပြီး အဆုံးထိ ဆောင့်တာမျိုးက ဗိုက်အောင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အားအရမ်း သုံးတာမျိုးထက် ဘေးတစ်စောင်း ပုစွန်တုပ်ကွေး အနေအထားနဲ့ တင်ကို နောက်ပစ်ထားတာကတော့ အဝင်အထွက်ကို ထိန်းညှိပေးရာ ရောက်သလို နှစ်ဦးစလုံး ကာမသုခကို ကောင်းကောင်း ခံစားရနိုင်ပါတယ်။

ဒါကတော့ အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံအရွယ်အစားနဲ့ အကောင်းဆုံး ဆက်ဆံတဲ့ အနေအထားတွေပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အရွယ်အစား ဘယ်လိုမှ တူညီနိုင်တာ မဟုတ်တဲ့အတွက် ကိုယ့်အတွက်ရော ကိုယ့်ဆက်ဆံဖော်အတွက်ပါ အဝင်အထွက်ချောပြီး ကာမသုခကို အကောင်းဆုံး ခံစားလို့ရမယ့် အနေအထားကို သိထားမှ ကုတင်ပေါ်က လင်မယားဆက်ဆံရေးက အဆင်ချောမှာပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ကွန်ဒုံးကို အမြဲတမ်း အသုံးပြုဖို့၊ ချောဆီကိုလည်း သေချာရွေးဝယ်ဖို့ နောက်ဆုံး အကြံထပ်ပေးလိုက်ချင်ပါတယ်။

ယခု ပိုစ့်ကို ကြိုက်နှစ်သက်ပါက share ပီး နောက်အသစ်တွေ ဖတ်ရအောင်လို့ like and follow လုပ်ထားနိုင်ပါတယ်

Hello ဆရာဝန် See Less