knowledge

ချစ်တင်းနှီးနှောစဉ် အမျိုးသားတွေကို အာရုံကျစေသည့် အရာများ

အမျိုးသမီးအများစုဟာ ချစ်တင်းနှီးနှောတာနဲ့ ပတ်သက်လာရင် အမျိုးသားဦးဆောင်တဲ့ နောက်လိုက်ရင် ပြီးတာပဲလို့ ယူဆတတ်ကြပါတယ်။ အမှန်တကယ်တော့ အဲ့လောက် မရိုးစင်းပါဘူး။တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူကြပေမယ့် အမျိုးသားအများစုက သူတို့ချစ်တင်းနှီးနှောတဲ့ အမျိုးသမီးတွေ အောက်ပါအတိုင်း ပြုလုပ်ရင် လုံးဝ မကြိုက်ကြပါဘူး။ ရှောင်ကြဉ်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

၁။ ခန္ဒာကိုယ် သန့်ရှင်းမှု မရှိတဲ့ အမျိုးသမီးတွေကို ဘယ်ယောကျာ်းကမှ ချစ်တင်းနှီးနှောလိုတာ မဟုတ်ပါဘူး။ အထူးသဖြင့် အရေးကြီးတဲ့ နေရာတွေမှာ အနံ့အသက် ကင်းစင်ဖို့ ဂရုစိုက်သင့်ပါတယ်။

၂။ အသစ်အဆန်းတွေကို စမ်းသပ်လိုစိတ်မရှိဘဲ အလုပ်တစ်ခုလို၊ လုပ်နေကျပုံစံအတိုင်းပဲ အမြဲတမ်း လုပ်နေတာမျိုးကို ယောကျာ်းလေး အများစု ကြိုက်နှစ်သက်ကြခြင်း မရှိပါဘူး။ ပုံစံတစ်မျိုးတည်းကိုပဲ လုပ်နေတာမျိုးဆိုရင် ယောကျာ်းလေးတွေ ငြီးငွေ့သွားတတ်ပါတယ်။

၃။ ချစ်တင်းနှီးနှောတဲ့ အခါ ဖုန်းပြန်ဖြေတာလောက် စိတ်ပျက်ဖို့ ကောင်းတာ မရှိပါဘူး။ ဒါကြောင့် ဖုန်းကလိတာ၊ မက်ဆေ့ခ်ျပြန်ရေးတာ၊ ဖုန်းပြန်ပြောတာ လုံးဝ မလုပ်သင့်ပါ။

၄။ ချစ်တင်းနှီးနှောတဲ့ အခါ ဘာအသံမှ မထွက်တဲ့ မိန်းကလေးတွေကို အမျိုးသားတွေ မကြိုက်ကြပါဘူး။ သင့်အနေနဲ့ ချစ်တင်းနှီးနှောနေတာကို ကြိုက်သလား၊ မကြိုက်ဘူးလားဆိုတာကို သင့်အဖော်ကို ပေးသိဖို့ အသံထွက်ဖို့ လိုပါတယ်။

၅။ ဒါပေမယ့် အသံကျယ်လွန်းတဲ့ မိန်းကလေးတွေကိုလည်း မကြိုက်ပါဘူး။ အသံသိပ်ကျယ်လွန်းရင် သင့်အဖော်ကို အာရုံနောက်အောင် လုပ်တာနဲ့ တူတဲ့အတွက် လိုအပ်တာထက် အသံကျယ်တာဟာ လုံးဝ မကောင်းပါ။

၆။ အိပ်ယာပေါ်ရောက်တာနဲ့ ‘ဒီဟာကြီး လုပ်ရပြန်ပြီ’ ဆိုတဲ့ ပုံစံ ဒါမှမဟုတ် သစ်တုံးကြီးလို ဆန့်ဆန့်ကြီး လဲနေရင်လည်း အမျိုးသားတွေကို အာရုံကျစေပါတယ်။

၇။ ချစ်တင်းနှီးနှောတဲ့အခါ သင့်အဖော်ကို ကုတ်ခြစ်တာ၊ ကိုက်တာတွေဟာ အမျိုးသားအများစုကို လုံးဝ အာရုံကျစေပါတယ်။ ချစ်တင်းနှီးနှောတာကို ကြိုက်နှစ်သက်ကြောင်း ပြသတာဟာ ကောင်းတဲ့ အလေ့အထ ဖြစ်ပေမယ့် သင်ဟာ ကုတ်ခြစ်ပြီး ဒါမှမဟုတ် ကိုက်ပြီး နှစ်သက်ကြောင်းပြလိုတယ်ဆိုရင် သင့်အဖော်ကို အရင် မေးသင့်ပါတယ်။

၈။ သင့်အနေနဲ့ ဘယ်လိုပုံစံကြိုက်တယ်။ ဘာကို မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ သင်ဘာကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကို သိဖို့ ခက်ခဲတဲ့အတွက် ဆွေးနွေးတာမျိုး မရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားအများစုကို အာရုံကျစေပါတယ်။

၉။ ‘ပြီးပြီလား’ ဒါမှမဟုတ် ‘မပြီးသေးဘူးလား’ လို့ ထပ်ခါတလဲလဲ မေးတာဟာ ယောကျာ်းအများစုကို လုံးဝ အာရုံကျစေပါတယ်။ ဒီလို မေးတာဟာ သင့်အနေနဲ့ ချစ်တင်းနှီးနှောနေတာကို နှစ်ခြိုက်မှု မရှိဘူးလို့ ပြသရာ ရောက်တဲ့အတွက် ဖြစ်ပါတယ်။

၁၀။ ညစ်တီးညစ်ပတ်ပြောတာဟာ အမျိုးသမီးအချို့ကို စိတ်လှုပ်ရှားစေတာမှန်ပေမယ့် မိန်းကလေးက ညစ်တီးညစ်ပတ် လွန်လွန်ကျွှံကျွှံပြောတာဟာ အမျိုးသားအများစုကို အာရုံကျစေတာ အမှန်ပါပဲ။

Credit